ဖြူစင်တဲ့ နှလုံးသားပိုင်ရှင် အားလုံးနဲ့ ဆက်နွှယ် နေချင်တယ်။

Search

Sunday, April 5, 2009

Symbols (သင်ကေတ သို့မဟုတ် ကိုယ်စားပြုသူများ)

သူငယ်ချင်းတို့... ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံကြီး ချွတ်ခြုံကျနေတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပြစ်မဟုတ်ဘူးလို့ ပြောရင်လက်ခံမလား မသိပါဘူး။ သူ့ကိုချည်းမဟုတ်ပါဘူး။ ဗင်လာဒင်ရော ဟစ်တလာ အဆုံးပါပဲ။ သူတို့မှာ အပြစ်ရှိမရှိ ကျွန်တော်မသိပါဘူး။ သိလည်း မသိချင်ပါဘူး။ ဒါပေမယ့် မရှိဘူးလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လူမှန်ရင် ဘယ်သူမှ အပြစ်မရှိဘူးလို့ ခံယူထားလို့ပါပဲ။ ဟစ်တစ်လာဆိုရင် ပန်းချီဆရာ တစ်ယောက် အရင်ဖြစ်ခဲ့တာပါ။ ပန်းချီဆရာတစ်ယောက် ဘ၀ကနေ ကမ္ဘာကို ပြာကျစေမယ့် စစ်ခေါင်းဆောင် အာဏာရှင်တစ်ယောက် အလကားနေရင်း ဖြစ်လာတာ မဟုတ်ပါဘူး။ ဖြစ်စေတဲ့ အကြောင်းတွေကလည်း ခိုင်ခိုင်မာမာ ရှိပါတယ်။ အကျိုးတိုင်းမှာ အကြောင်းတရားရှိပါတယ်။


ထားပါ။ ခုပြောမှာ အဲဒါတွေ မဟုတ်ပါဘူး။ ခေါင်းစဉ်ပါအတိုင်း Symbols (သင်ကေတ သို့မဟုတ် ကိုယ်စားပြုသူများ) အကြောင်းပါ။ သန်းရွှေကို မုန်းချင်မုန်းပါ။ မြန်မာ့စစ်တပ်ကြီးကို မမုန်းပါနဲ့။ ဂျော့ဘုရှ်ရဲ့ လုပ်ရပ်တွေကြောင့် သူ့ကိုမုန်းချင်မုန်းပါ။ အမေရိကန်တွေကို မမုန်းပါနဲ့။ ဘင်လာဒင်ကို မုန်းချင်မုန်းပါ။ အီရတ် နိုင်ငံသားတွေကို မမုန်းပါနဲ့။ လူပုဂ္ဂိုလ်နဲ့ သူတို့ကိုစားပြုတဲ့ အရာတွေကို ခွဲခွဲခြားခြား မြင်တက်ရင် အကောင်းဆုံးပါပဲ။ အဲလိုပါပဲ မဟတ္တမ ဂန္ဒီရဲ့ သားသမီး ဆွေမျိုး သူ့လူမျိုးတွေကို မျက်စိမှိတ် အထင်မကြီးပါနဲ့။ မျက်နှာဖြူမြင်တိုင်း သဘောတွေ မကောင်းပြပါနဲ့။ လူတွေပါ။

ဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်တော် ချစ်တဲ့ကျွန်တော့ လူမျိုးစုတွေရဲ့ ကျွန်တော်တွေ့ဘူးသမျှ ၈၀ % လောက်ဟာ လူပုဂ္ဂိုလ်တွေနဲ့ သူတို့ကိုယ်စားပြုတဲ့ အရာတွေကို ရောထွေးပြီး မုန်းနေ ချစ်နေကြပါတယ်။ သူ့ကိုတော့ ဗမာမို့ မကောင်းဘူး။ သူ့ကိုတော့ ကရင်မို့ လက်မခံဘူး။ သူ့ကိုကျ မွတ်ဆလင်မို့ မကောင်းဘူး။ အီး... စိတ်ညစ်တယ်...


You Tube က နယူကလီးယား လက်နက် စမ်းသပ်မှု ဗီဒီယို တစ်ခုကိုကြည့်ပြီး သူများတွေ အဲ့ဒီဗဒီယိုကို ဘယ်လိုများ comment ပေးလဲ စိတ်ဝင်စားလို့ ဖတ်ကြည့်ဖြစ်တယ်။ အဲ့ဒီထဲက နောက်ဆုံးပေးတဲ့ comment တစ်ခုတော်တော်ထိတယ်။ ဗီဒီယိုကတော့ နယူးကလီးယား လက်နက် စမ်းသပ်ပစ်ခတ်မှုကို ပြထားတာပါ။ အချို့က မရှိသင့်တဲ့ လက်နက် ဘာညာဘာညာ ပြောပါတယ်။ အဲ..အများစုကတော့ အမေရိကန်တွေကို ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်နိုင်ငံကို အနုမြူဗုံး ကျဲခဲ့တဲ့လုပ်ရပ်ကို ထောက်ပြ မေတ္တာတွေ ပို့ကြပါတယ်။ အဲ့ဒါတွေရဲ့ နောက်ဆုံးမှာမှ တစ်ယောက်ပြောလာတာက

“ခုလက်ရှိ လောကကြီးထဲမှာ ဂျပန်ကို ၀င်တိုက်တုန်းက လူတစ်ယောက်မှ သက်ရှိထင်ရှား မရှိတော့ဘူး။ ကို့ဘိုးဘွားတွေ လုပ်ခဲ့တဲ့ အပြစ်တွေက ဘာမှမသိ မဆိုင်တဲ့ သူ့သားသမီးမြေးမြစ်တွေ အထိ သက်ရောက်မှု ရှိနေရင် ကျွန်တော်ဟာ ကို့ကိုယ်ကို ပြန်ဖိနှိပ် အနိုင်ကျင့်ခဲ့တဲ့သူပေါ့။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က အမေရိကန်သွေးတစ်ဝက် ဂျပန်သွေးတစ်ဝက် ရောတယ်လေ။”
တဲ့။ ကောင်းရော။ အဲ...ဒီလောက်ပါပဲခင်ဗျာ။ ခွဲခြားနိုင်ကြပါစေ။

0 comments:

 
© free template by Blogspot tutorial