ဖြူစင်တဲ့ နှလုံးသားပိုင်ရှင် အားလုံးနဲ့ ဆက်နွှယ် နေချင်တယ်။

Search

Tuesday, May 3, 2011

ဘင်လာဒင် သေပြီ ဒါပေမယ့် အကြမ်းဖတ်မှုတော့ ရှင်သန်နေဦးမယ်

အောင်မယ်လေး ဘလော့ မရေးဖြစ်တာ နှစ်နဲ့တောင် ချီနေပြီ။ ဘင်လာဒင် သေမှပဲပြန်ရေးဖြစ်တော့တယ်။ သူသေတာကို ကျေးဇူးတင်ရမလိုဖြစ်နေပြီ။ သတင်းကြားကြားချင်းတော့ မယုံဘူး။ အရင်ကလဲ အဲလိုပြောကြတာပဲလေ။ US ကသူရှိတယ် ထင်သမျှနေရာတွေ ဗုံးလိုက်ကြဲတာ ဘယ့်နှယ့် ဗုံးထိလို့ အရင်ကတည်းက သေလည်းသေနေလောက် ရောပေါ့။ US ကိုယ်တိုင်တောင် သိချင်မှသိမှာ။ အဲတာ တနေ့က အဲသတင်းကြားတယ်။ အိုဘားမားလည်း TV မှာ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး အတည်ပြုထုတ်ပြန်ချက် ထုတ်မယ်လို့ ပြောတယ်။ ထိုင်စောင့်နေလိုက်တယ်။ မကြားဘူး တကယ်ဟ။ အိုဘားမားက သူ့တို့ US စစ်တပ်ထိုးစစ်ကြောင့် အသေမိကြောင်း။ အလောင်းလည်း လက်ဝယ်ရှိကြောင်း ပြောတော့ ဟဒီတခါတော့ ဘင်လာဒင် ကကယ်သွားပြီ ဆိုတာ တွက်လိုက်မိတယ်။ YouTube က အိုဘားမားရဲ့ မိန့်ခွန်း ဗီဒီယိုကို ဒီမှာ ပြန်တင်ပေးလိုက်ပါတယ်။ တခုပြောချင်တာ ရှိပါတယ်။ အဲဒါကိုတော့ ဗီဒီယိုအောက်မှာ ဖတ်ပါ။





အပေါ်က ဗီဒီယိုထဲမှာတော့ မပါဘူးဗျ။ အဲဒါက ဘာလဲဆိုတော့ US နိုင်ငံသားတွေ ဘင်လာဒင် သေသွားတာကို လက်ပေါ်ထွက် အမေရိကန် အလံတွေ တလူလူနဲ့ "USA .. USA .. USA..." လို့အော်ပြီး အောင်ပွဲခံ ခဲ့ကြတာပါပဲ။ TV ထဲမှာတော့ ထပ်ခါထပ်ခါကို ပြပါတယ်။ တွေးကြည့်ရင်တော့ ရိုးရိုးလေးပါ။ သူတို့ 9/11 အဖြစ်အပျက်တရားခံကို အသေမိတာ အောင်ပွဲခံစရာပေါ့။ ဒါပေမယ့် အဲဒါကို ကြည့်ပြီ တခြားနိုင်ငံသားတွေ မကြည်ကြပါဘူး။ သတင်းကြေညာတဲ့သူတောင် သိပ်ကြည်ပုံမရပါဘူး။ ဗီဒီယိုကိုတော့ ဒီမှာကြည့်ပါ။


ရှုပ်ကုန်လားမသိပါဘူး။ ဒီလိုပါ US က ကမ္ဘာအင်အားအကြီးဆုံး နိုင်ငံဖြစ်လာတာ နဲ့တပြိုင်ထဲ သူ့လုပ်ရပ်တွေက ဗိုလ်ဆန်ဆန် ကိုလိုနီနံနံ ဖြစ်လာပါတယ်။ အီရတ်စစ်ပွဲကိစ္စ အပါအဝင် တခြားသက်သေ သာဒဂတွေ အများကြီးရှိပါတယ်။ UN ကလည်းသူ့ကို မထိန်းနိုင်ပါဘူး။ ဒါကို တခြားနိုင်ငံတွေက မကြည်ပါဘူး။

ထားပါ ဆိုလိုတာက အမေရိကန်တွေ ပါကစ်စတန်တွေ ခနမေ့ထား။ အခွံတွေချွတ် ရိုးရိုးလေးတွေးကြည့်လိုက်။ သူများနိုင်ငံသားတရောက် သေတာကို တခြားနိုင်ငံသားတွေက အဲလောက်ထိတောင် အောင်ပွဲခံတယ်။ ငါတို့ကို လာမစမ်းနဲ့ ဆိုတဲ့သဘောလား။ ငါတို့ လုပ်နိုင်တယ် ဆိုတဲ့သဘောလား။ အင်အားကြီး နိုင်ငံတခု အနေနဲ့ အဲဒါ မဖြစ်သင့်ပါဘူး။ ဆော်ဒီအာရေးဘီးယား နိုင်ငံသားတွေ၊ နောက် တခြား အကြမ်းဖက်သမားတွေ မပြောနဲ့ ကျွန်တော်တို့ အနေနဲ့ ဘင်လာဒင်ကို မထာက်ခံတဲ့သူတွေတောင် ခုလို သူတို့ အပျော်လွန်နေတာကို ထောက်ခံစရာ အကြောင်းမရှိပါဘူး။ စစ်ပွဲတခုကို နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အောင်ပွဲဟာလည်း စစ်ပွဲပါပဲ။ ရှုံးရင်လဲ စစ်ပွဲပါပဲ။ ဘာမှ ပျော်နေစရာ အကြောင်းမရှိပါဘူး။

အိုဘားမား မိန့်ခွန်းထဲမှာ ပြောသွားသလိုပါပဲ ဒါပံပြင်တပုဒ်ရဲ့ အဆုံးမဟုတ်ပါဘူးတဲ့ ပုံပြင်ထဲက အခန်းတခန်းရဲ့အဆုံးပါတဲ့။ သူတို့ကိုယ် သူတို့တော့ သိသားပဲ။ ဘင်လာဒင်သေသွားလို့ အကြမ်းဖက်မှုတွေ ပြီးသွားမှာမှ မဟုတ်တာ။ အကြမ်းဖတ်မှုတွေ လျော့ပဲသွားမလား ဟိုကဘင်လာဒင်သေလို့ ပိုဒေါသထွက်ပြီး အကြမ်းဖတ်မှု ပိုပဲတိုးလာမလား စောင့်ကြည့်ရမှာပေါ့။

Tuesday, October 13, 2009

ကမ္ဘာတစ်ခုလုံး စည်းလုံးညီညွတ်စေမယ့် နည်းလမ်း

ကျွန်တော်တို့တွေ သတင်းစာမျက်နှာတွေ ကြည့်လိုက်ရင် လူလူချင်း သတ်နေ ဖြတ်နေကြတာတွေ မမြင်ချင်ပဲမြင် မကြားချင်ပဲ ကြားနေရတယ်ဗျာ... တစ်တိယ ကမ္ဘာစစ်ကြီး ဆိုတာလည်း နီးလာပြီတဲ့.... ကမ္ဘာကြီးကလည်း ပျက်တော့ မယ်တဲ့..... လူတွေဟာလေ ပထမဆုံး မောင်နှမ မိသားစု တစ်အိမ်ထဲနေတွေ စကားများ အချင်းများကြမယ်။ အဲဒါဝသွားရင် တစ်အိမ်နဲ့တစ်အိမ် မသင့် မမြတ်ဖြစ်တက်ကြတယ်.. အဲဒါမယ့် အဲကြရင်တော့ စောစောက အိမ်သားချင်း ရန်ဖြစ်ထားကြသူတွေက တော်တော်လေး အတွဲညီညီ လက်တွဲဖိုက်ကြတယ်။ အဲလိုပဲ သူများရွာတွေနဲ့ ဖိုက်ရမယ်ဆို တစ်ရွာလုံး ညီသွားပြီ ................ အဲဒိလိုပဲ အဲဒီ တစ်ရွာနဲ့ တစ်ရွာ ပြသနာ ဖြစ်နေတာတွေလည်း တစ်ခြားမြို့ တစ်ခြား ခရိုင်နဲ့ ဖိုက်တဲ့အချိန်ကြရင် သူ့ရွာနဲ့ ကိုယ်ရွာ ဖိုက်ထားတယ်ဆိုတာတွေ အကုန် ဘေးရောက်သွားတယ်. .... အဲ့ဒီကနေတစ်ဆင့် တစ်ဆင့် နောက်ဆုံး နိုင်ငံတွေ ဖိုက်ကြတဲ့ အချိန်ဆို ပြည်နယ်တွေ အချင်းချင်း စည်းလုံးမှုက အလိုလိုရသွားတယ်။
ဒါပေမယ့် နောက်ဆုံးအဆင့် အနေနဲ့ ကမ္ဘာဆိုတာကြီး စည်းစည်းလုံးလုံး ဖြစ်တာ သမိုင်းတွေ မှတ်တမ်းတွေ အရ တစ်ခါမှ မရှိဖူးသေးဘူး


ဒီတော့ တစ်ခါတစ်လေ မိုက်မိုက်ကန်းကန်း တွေးမိတာက....UFO တွေ ကျွန်တော်တို့ ကမ္ဘာကို လာတိုက်ပစ်လိုက်ပါစေဆိုပြီး တွေးမိတယ်..... အဲ့ဒီအချိန်တစ်ကယ် ရောက်လာရင်တော့ ကျွန်တော်တို့လည်း တစ်ကြိမ်တစ်ခါမှ မတွေ့ဖူး မမြင်ဖူးသေးတဲ့ ကျစ်လစ်စည်းလုံးတဲ့ ကမ္ဘာကြီးကို မြင်ရနိုင်လောက်တယ်နော် မြင်ယောင်ကြည့်လိုက်ပါဦး လူသားအားလုံး တက်ညီလက်ညီ စည်းစည်းလုံးလုံး ကမ္ဘဖျက်မဲ့ UFO တွေကို ပြည်တိုက်ထုတ်နေပုံတွေကို ...........

အာဏာလက်စွဲ ကျွန်တော်တို့ မြန်မာစစ်အစိုးရလည်း အဲဒီအချန်ကြ US တို့ UK တို့နဲ့ လက်တွဲ ညီညီ မဟာမိတ်တွေ ဖြစ်နေနိုင်လောက် တယ်နော် ....... အဲ့ဒီအကြံ မကောင်းဘူးလာ??

Friday, August 14, 2009

ဘ၀များထဲမှ ဘ၀များ

ပုံတွေကတော့ အဟောင်းတွေပါ။ ပို့စ်ကတော့ အသစ်ပေါ့။ ပုံထဲက ဘ၀ရှင်တွေ ဓတ်ပုံရိုက်တုန်း ဘာတွေ တွေးနေလဲဆိုတာ ပေါ်လွင်အောင် ရိုက်ထားတဲ့ပုံတွေပါ။ ခံစားနိုင်ကြပါစေ။














 
© free template by Blogspot tutorial