ဖြူစင်တဲ့ နှလုံးသားပိုင်ရှင် အားလုံးနဲ့ ဆက်နွှယ် နေချင်တယ်။

Search

Wednesday, April 15, 2009

တူတူတွေပဲ

နိုင်ငံတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အမြဲပဲ ဖိနှပ်ဖို့ ကြိုးစားနေကြပါတယ်။ ဖိလည်းဖိနှပ်နေကြ အနိုင်ကျင့်လည်း ကျင့်နေကြတုန်းပါ။ ရှေ့ဆက်လုပ်ဖို့လည်း ၀န်လေးမယ့်ပုံ မပေါ်ကြပါဘူး။ အယ်...ဟိုအရင်တုန်းကတော့ ပေါ်ပေါ်ထင်ထင်ပေါ့.... မင်းမိုက်လား ငါမိုက်လား ကွင်းပြင်မှာ စိန်ခေါ်တိုက် ရှုံးတဲ့လူက ကျွန်ခံ.....

နောက်တော့ တစ်မျိုး... ကုန်တွေသွယ် ကုန်သယ်လိုလို ဘာလိုလို.. (ညာလိုလို) တွေနဲ့ ကိုလိုနီ ဆိုတာတွေကလည်း ပေါ်လာပြန်.. နည်းမျိုးစုံနဲ့ သူများတိုင်းရင်းသားတွေ နိုင်ငံကြီးတွေဆိုလည်း အပိုင်းပိုင်း ဖြစ်အောင် ခွဲ....။ နောက် Cold War ဆိုတာတွေလည်း U.S နဲ့ Russia တို့လို နိုင်ငံတွေ လုပ်မှပဲ.. အယ်..အဲဒိနောက်မှာမှ ခုနောက်ဆုံးပေါ် တပည့်မွေးနည်းတွေ (U.S နဲ့ Israel တို့လို... Russia က China, ပြီး China က Burma) ပေါ်လာပြန်ပြီ....လူတွေ ချားမစီးပဲနဲ့ (ပြောင်းပြန်မဖတ်နဲ့နော်...) လည်လာပုံကို ပြောပါတယ်...
အယ်..အမေရိကန်တွေက နည်းတွေ စနစ်တွေ အသစ်တွေနဲ့ ... လူတန်းစားတစ်ရပ်ကလူကို နောက်တစ်ဆင့် ဘယ်လိုမှ မကျော်တက်နိုင်အောင် (အဲဒီလို လူတန်းစားတစ်ရပ်ကနေ နောက်တစ်ဆင့် တက်အောင်သွားတာကို “Breaking the wall” လို့ ကြားဖူးပါတယ်..) ချာချာလည် မိုက်နေချိန်မှာ ပေါ်တင်ကြီး ခပ်တုံးတုံး ဆက်မိုက်နေသူတွေ ရှိနေပါသေးတယ်.... မြောက်ကိုးရီးယားတို့ မြန်မာတို့လိုပေါ့ ... သူများက တစ်ဒေါ်လာရဖို့ မျက်လည့်ပြီး (မြက်ကို လှည့်တာမဟုတ်ဘူးနော်..xx) ယူချိန်မှာ သူတို့တွေက တစ်ကျပ်ရဖို့ တုတ်ပြပြီး ယူပါတယ်...သူများတွေက ရိုးလို့ အီလို့ မသုံးတော့တဲ့ နည်းတွေ ကိုသူတို့က ခက်မိုက်မိုက် လက်စွဲထားတုန်းပါပဲ....စကားက မှားပေမယ့် အမှားကြီး ထပ်တလဲလဲ ရေရွက်နေရင် နားယဉ်ပြီး မှန်သလိုလိုဖြစ်လာပါတယ်... ရုပ်ရှင်တိုင်း ဗီဒီယိုတိုင်း သီချင်းခွေတိုင်းမှာ နိုင်ငံရေးဦးတည်ချက်တွေ စီးပွားရေးဦးတည်ချက်တွေ နောက်... ဘယ်နှစ်ခုနှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်တွေကို အလကားအားလို့ သူတို့လျောက်ထည့်ထားတာ မဟုတ်ပါဘူး.... ဒါတွေဟာ... strategy တွေပါပဲ... ဒါပေမယ့် date တော့ out နေပြီပေါ့.....
မိတ်ဆွေ သင်မြန်မာလား... မြန်မာဆိုရင် စဉ်းစားချိန်တန်ပြီနော်...အဲ့ဒီလို တုံးတိကြီး သင့်ကို အနိုင်ယူနေတာတောင် သင်မသိဘူးဆိုရင်...... သိရင်တောင် ဒီအတိုင်းပဲငုံ့ခံနေမယ်ဆိုရင်..သင်ဘယ်လောက်တောင် တုံးလည်းဆိုတာ ဟင်း ..... ကျုပ်ဖြင့်.... တွေးဝံ့တော့ပါဘူးဗျာ ...... ကျွန်တော်ဆို အဲလိုမခံရအောင်....လည်ချင်လို့ ချားခဏခဏစီးတယ်.....ဟီး....
အော်...မေ့တော့မလို့ ပုံကတော့ ကျွန်တော်သတ်မှတ်တဲ့ ကမ္ဘာ့အတုံးတက အတုံးဆုံး သမိုင်းဝင်အဖွဲ့ KKK (Ku Klux Klan) ပါ..... ကျမ်းစာအုပ်ကိုင်ပြီး လူမိုက်လုပ်လို့လေ....သူတို့သုံးခဲ့တဲ့ လူအရင်းအနှီး ငွေအရင်းအနှီးတွေနဲ့ စိတ်ဓါတ်အရင်းအနှီးတွေကို ကျွန်တော်တို့နိုင်ငံအတွက်.....စနစ်ဆိုးကို တိုက်ထုတ်တဲ့နေရာမှာ သုံးရရင် ဘယ်လောက်တောင် ကောင်းမလဲလို့ တွေးမိလို့ပါ........အားလုံးပဲ တာ့တာ... နောက်ပို့စ်မှာ ထပ်တွေ့မယ်...
မှတ်ချက်။ ။ဤပို့တင်ပြီး (သူများကိုနှပ်ကွက်အပြီးပေါ့ဗျာ) ချားသွားစီးနေပါကြောင်း....

0 comments:

 
© free template by Blogspot tutorial