ဖြူစင်တဲ့ နှလုံးသားပိုင်ရှင် အားလုံးနဲ့ ဆက်နွှယ် နေချင်တယ်။

Search

Thursday, April 30, 2009

မူရင်း အမေရိကန် ဒေသခံများ

နေးတစ်အမေရိကန် (Native Americans) တွေအကြောင်း ပို့စ် တစ်ခုလောက်တင်မယ်လို့ စိတ်ထဲတင်းထားတာ ကြာနေပါပြီ။ အကြောင်းကြောင်းကြောင့် ခုမှပဲ ရေးဖြစ်တော့တယ်။ နေးတစ် အမေရိကန် (Native American) တစ်နည်း နင်ဒီယန်း (Indians) ဆိုတာ အမေရိကတိုက်ကို ကိုလမ်ဘတ် စတွေ့ကတည်းက ရှိနှင့်ပြီးနေတဲ့ ဒေသခံလူမျိုးစုတွေကို ဆိုလိုပါတယ်။ သူတို့တွေဟာ သူများတွေ (ဥရောပသားတွေ) သူတို့ဒေသ ရောက်လာပြီး ယနေ့ဒီအချိန် ဒီအခြေအနေထိ ပြောင်းလဲတိုးတက် လာပြီးသည့်တိုင် သူတို့ကတော့ သိပ်ထူးခြားမှုမရှိပါဘူး။ ဒီ့အပြင် သူများလုပ်သမျှ တုန့်ပြန်နိုင်စွမ်း မရှိပါပဲ ခံနေကြရှာတာပါ။ ရုပ်ရှင်တွေ ဗီဒီယိုတွေမှာ တွေ့ဖူးကြ ပါလိမ့်မယ်။ အချို့တွေကိုဆို လူရိုင်းတွေ လူအချင်းချင်း အသားစားသူတွေ အနေနဲ့ သရုပ်ဖေါ်ထားတာ တွေ့ရပါတယ်။


တစ်ကယ်တော့ Natives တွေ ဆိုတာက အမေရိကန်တိုက် တစ်တိုက်ထဲမှာ ရှိတာမဟုတ်ပါဘူး။ Canada, Mexico နဲ့ Brazil တို့မှာလည်း ရှိပါတယ်။ အသိသာဆုံးကတော့ အမေရိကတိုက်ပေါ့။ သမိုင်းတွေကို ပြန်ပြန်ပြောတာ ပြသနာတက် ရန်ဖြစ်ဖို့က များပါတယ်။ ဒါပေမယ့်ပေါ့လေ.... သမိုင်းတွေကို (အထူးသဖြင့် ခံရတဲ့သူဘက်ကပေါ့) မေ့ပျောက်နိုင်တဲ့လူဆိုတာ မရှိသလောက်ရှားတယ်ဆိုတာ သံသယ ၀င်စရာတော့ မရှိပါဘူး။ သမိုင်းအရ အသာရခဲ့သူတွေကတော့ အဲဒီသမိုင်းတွေကိုပဲ ထပ်တလဲလဲ ကျွေးကျော် ဂုဏ်ယူကြပါတယ်..(မှန်ရဲ့လားမသိ..) လေး၊ မြားတွေနဲ့ အမဲလိုက်တဲ့ သူတို့တွေဆီကို မြင်းတွေ သေနက်တွေနဲ့ ဥရောပသားတွေ စရောက်အခြေချတဲ့ အချိန်ကစပြီးတော့ ယနေ့ RESERVATIONS ဆိုတာတွေမှာ ရွေ့ပြောင်းနေထိုင် ရတဲ့အချိန်အထိ တွေးကြည့်လိုက်ရင် Native American တွေရဲ့ အဖြစ်ဟာ ရင်နင့်စရာ ကောင်းလှပါတယ်။ U.S မှာပဲ reservation စုစုပေါင်း ၃၁၀ ခု ရှိပါတယ်။

အော်... Reservation ကတော့ အဲ့ဒီ ဒေသခံ Native Americans တွေကို လူမျိုးစုတွေအလိုက် သီးသန့်ထားပေးထားတဲ့ နယ်မြေပါ။ ကန့်ကသတ်လိုက်တဲ့ သဘောပေါ့.... နောက်အတိအကျ မသိပေမယ့် ပြောကြတာကတော့ သူတို့တွေကို နည်းမျိုးစုံနဲ့ လူဦးရေနည်းပါးသွားအောင် အမေရိကန်တွေက ရောဂါတွေ ကို ဖြန့်ဝေ သေဆုံးစေတယ်တဲ့။ တော်တော်ပိုင်တဲ့ လူသတ်နည်းပဲနော်။ ဒီနေ့ဒီအချိန်မှာဆို Native Americans မျိုးနွယ်စုတွေ ထက်ဝက်ကျော် ပျောက်ဆုံးကုန်ပါပြီ...ကျန်သူတွေလည်း သူတို့ယဉ်ကျေးမှုတွေ တော်တော် ပျောက်ဆုံးကုန်ပါပြီ။ စာလေးတစ်စောင် ဖတ်စေချင်ပါတယ်.. Native American တစ်ရောက်ရဲ့ ခံစားချက်တွေကို သီကုံးထားပါတယ်... စာလုံးလေးတွေ နည်းနည်း ၀ါးနေတယ်။ ဖတ်ရတာ အဆင်ပြေမလားတော့ မသိဘူး..


....ဒါပါပဲ နောက်မှ တွေ့မယ်ဗျာ..

0 comments:

 
© free template by Blogspot tutorial