အချို့သောသူတွေ gmail account နှစ်ခု သုံးခု ရှိတက်ကြပါတယ်။ ရှိထားတဲ့အလျောက် ရှိသလောက် ကိုလည်း တစ်ချိန်တည်းမှာ ဖွင့်လိုကြပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသစ်မှန်ရင် အဲ့လိုလုပ်တာကို လက်မခံပါဘူး။ လုပ်လို့မရပါဘူး။ သိပြီးတဲ့ လူတွေလည်းရှိမယ်။ မသိသေးသူတွေလည်း ရှိပါမယ်။ အောက်ပါပုံကို ကြည့်ပါ။ တစ်ချိန်တည်းမှာ Gtalk တွေအများကြီး ဖွင့်ထားပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH_bYTIb_wG8s-Sh7pM4DxEP3eXOsZ4-EMi1LKtNR7JZGyITnJZmCmsj3YQvvyBc7icEPq8jQRoFskHcMrYeEwyIi5sVniqcw6cyj6f_pc6njLhmE4I8E9G0gaNnosIdrPe86phLaOT5I/s400/multiple-google-talk.png)
အဲလိုလုပ်ချင်ရင် ငှက်ပျောသီး အခွံနွာရသလိုပါပဲ။ လွယ်မှလွယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါ။
- Gtalk Shortcut ကို right-click ပါ။
- အောက်ဆုံးက Properties ဆိုတာကို left-click ပါ။ အဲမှာ right-click လုပ်ခဲ့တဲ့ Gtalk shortcut ရဲ့ properties ကိုပြတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။
- အဲ့မှာ “Target:” ဆိုတာရဲ့ ညာဘက်က အကွက်လေးထဲမှာ "C:\Program Files\Google\Google Talk\googletalk.exe" ဆိုတာကို "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ပြောင်းလိုက်ပါ။
- Apply လုပ်ပြီး OK ပေါ့...
- ဒါပါပဲ...ပြီးသွားပါပြီ...
ပြီးရင် စမ်းကြည့်ပေါ့။ Gtalk တစ်ခုဖွင့်ပြီး နောက်တစ်ခု ဖွင့်လို့ ရမရ....ကျွန်တော်တော့ သူငယ်ချင်းတစ်ယောက် ပြလို့ အဲ့လိုလူလည် လုပ်လာတာ ကြာပြီ...တစ်ခြားနည်းတွေလည်း ရှိပါတယ်။ ဒါက ကျွန်တော် သိသလောက်ထဲက အလွယ်ဆုံး နည်းပါပဲ။ ပျော်ရွင်နိုင်ပါစေ..
0 comments:
Post a Comment