ဖြူစင်တဲ့ နှလုံးသားပိုင်ရှင် အားလုံးနဲ့ ဆက်နွှယ် နေချင်တယ်။

Search

Sunday, March 22, 2009

လူနဲ့စနစ်

ကျွန်တော်တို့ လူသားတွေ ရာစုနှစ်တွေ များစွာ ဖြတ်ကျော်လာပြီး “တိုးတက်မှု” လို့ ကျွန်တော်တို့ ခေါ်ဆိုတဲ့ ဒီနေ့အတိုင်းအတာ တစ်ခုကို ရောက်လာပါပြီ။ တို့တက်စေတဲ့ စနစ်တွေကို ထွင်တဲ့လူကထွင်ပြီး သုံးတဲ့လူကလည်း သုံးတာကိုး။ ဒီနေ့လူတွေဟာ ကိုယ့်ရှူးကိုယ် ပါတ်နေပါပြီ။ သစ်တစ်ပင်မခုတ်လိုပေမယ့် စာရွက်မသုံးလို့ကလည်း မရ၊ အိုဇုန်းလွှာတွေ ပေါက်ကုန်တာ သိပေမယ့်လည်း အဲကွန်းနဲ့ကားမှ စီးချင်နေကြ။ စနစ်တွေထွင်ပြီး စနစ်ထဲက ရုန်းမထွက်နိုင်တော့ ခက်ကုန်ရော။ Capitalism တဲ့ ကြည့်ပါဦး။




  • Capitalism
  • We rule you
  • We fool you
  • We shoot at you
  • We eat for you
  • We feed all, we work for all
လူနည်းစုက အုပ်ချုပ်တယ်။ သူတို့အုပ်ချုပ်မှုကို အထောက်အကူပြုဖို့ အောက်က “လူ” တွေကအရူးလုပ်ပေးတယ်။ အယ်..အဲ့ဒီလူတွေကိုမှ လက်နက်နဲ့လူတွေက ကာကွယ်ပေးတယ်။ ပြီတော့လူချမ်းသာတွေက စားသုံးပေးတယ်။ သူတို့အားလုံးရဲ့ အောက်ကတော့ အားလုံးအတွက် အလုပ်လုပ်ပေးတဲ့ သူတွေပါပဲ... စိတ်ဝင်စားစရာတော့ ကောင်းတယ်နော်။ လူတွေဟာ စနစ်တွေထွင် အသုံးပြု အဲ့ဒိနောက် သူတို့ကိုယ်တိုင်ကပဲ စနစ်တွေရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပြီး ရုန်းမထွက် နိုင်တော့ပါဘူး။ အောက်ဆုံးကလူတွေက ဖိနိပ်မှု ဒဏ်ကနေ လွတ်အောင် ရုံးမထွက်နိုင်သလို အပေါ်က လူတွေကလည်း ချမ်းသာမှုစီးစိမ်ကနေ မရုံးထွက်နိုင်တော့ပါဘူး..

အဲ့လိုပြောလို့ အောက်ဆုံးကလူကို သနားလို့ အပေါ်တစ်ဆင့် ဆွဲတင်ပေးဖို့ စိတ်မကူးပါနဲ့ သူအပေါ်ရောက်သွားရင် ဆွဲတင်ပေးတဲ့လူကို သူပြန်ကန်ချချင် ချနေမှာပါ.. ဘာလို့လဲဆိုတော့ အပေါ်ရောက်လေ နေရာက ကျဉ်းလာလေလေပဲလေ... မကန်ချရင် သူပြန်ကျသွားနိုင်ဖွယ်ရှိတယ်။

အဲ့ဒါတွေထားပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးလည်း စနစ်ဆိုးအောက်မှာ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေတာကြာပြီ။ ကျွန်တော်တို့ ဘယ်လိုဘယ်ပုံ တိုက်ဖျက်ကြမလဲ။ အင်း..သေချာတာကတော့ Rambo ကြီးလို လေး တစ်လက်နဲ့ တိုက်ဖျက်လို့ မရဘူးဆိုတာပါပဲ။ လက်ရှိနည်းပညာတွေ အရတော့ စနစ်ကို စနစ်နဲ့ ပဲတိုက်ဖျက်ကြဖို့ ကြိုးစားနေကြပါတယ်။ အကောင်းဆုံး နည်းလမ်းပါပဲ။ (တစ်ခြားနည်းလမ်းလည်း လက်နက်ကိုင် တော်လှန်ရုံကလွဲပြီး ကျွန်တော်လည်း မသိ) ဒါပေမယ့်ပေါ့လေ နှစ်ယေက်ရှိရင် သုံးဖွဲ့ ဖွဲ့တက်တယ် ဆိုတဲ့ ဝေဖန်မှုတွေအပေါ်လည်း ကျွန်တော်တို့ရဲ့ ပြည်ပရောက် အတိုက်အခံတွေ လက်တွေ့တစ်စုံတစ်ရာ ခြေပနိုင်ပုံလည်း မပေါ်သေးတော့...

မှတ်ချက်၊ ၊ စိတ်ထဲပေါ်ရာတွေကို ချရေးတာတွေသာ ဖြစ်လို့ မှားနေရင် please, ပြင်ပေးပါခင်ဗျာ.

0 comments:

 
© free template by Blogspot tutorial