ဖြူစင်တဲ့ နှလုံးသားပိုင်ရှင် အားလုံးနဲ့ ဆက်နွှယ် နေချင်တယ်။

Search

Friday, January 23, 2009

အစ္စရေး (Israel) က ခုအပစ်အခတ်ရပ်စဲမယ်တဲ့

အစ္စရေးတို့ (Israel) ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၇ ရက်နေ့က အပစ်အခတ် ရပ်စဲမယ် လို့ကြေညာပါတယ်။ ဒါပေမယ့် သူ့ကြေညာချက်က ဂါဇာ (Gaza) ကမ်းမြောင်ကို ၂၂ရက်ကြာ လေယဉ်တွေ၊ တင့်ကားတွေ၊ အမြောက်တွေ၊ ဒုန်းကျဉ်တွေနဲ့ ညက်ညက်ကြေ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ပြီးချိန်၊ အပြစ်မဲ့ကလေးသူငယ် ၃၅၀ အပါအ၀င် ပါလက်စတိုင်း (Palestinians) နိုင်ငံသားပေါင်း အနည်းဆုံး ၁၂၀၀ သေဆုံးပြီးချိန်၊ ၅၂၀၀ ကျော်ဒဏ်ရာ ရအပြီးချိန်၊ ဂါဇာရဲ့ အခြေခံ အဆောက်အဦး များစွာနဲ့ လူနေအဆောက်အဦး ပေါင်း ၂၀၀၀၀ ခန့် ပျက်စီးကာ ၂၆၀၀၀ သော ဂါဇာ မြို့သူမြို့သားတွေ အိုးအိမ်မဲ့အပြီးမှ ကြေညာတဲ့ တစ်ဖက်သတ် ကြေညာမှု ဖြစ်နေပါတယ်။ ပိုဆိုးတာက သူနဲ့ပါလက်စတိုင်းတို့ သဘောတူလို့ အပစ်အခတ် ရပ်စဲရေး ကြေညာတာမဟုတ်ပါပဲ အမေရိကန်နဲ့ သဘောတူညီမှု ရယူပြီး ကြေညာတာ ဖြစ်နေပါတယ်။ ဟားမတ် (Hamas or Islamic Resistance Movement) ကတော့ တစ်ပါတ်တာ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ပါတယ်။

ပါလက်စတိုင်းဘက် ကတော့ ထုံးစံအတိုင်း ကမ္ဘာမကြေပေါ့။ မကြေတာ အစ္စရေးကိုချည်း မဟုတ်ပါဘူး။ သူ့ကိုလက်သက်မွေး ထားတဲ့ အမေရိကန်ကိုရောပါ။ အမေရိကန်ရဲ့ လုပ်ပုံ (Hypocrisy) ကိုလည်း ကမ္ဘာက သိတာပဲ။

ကုလသမ္မက ကူညီထောက်ပံ့မှု အကြီးအကဲ မစ္စတာ ဂျွှန်ဟုမ်း လ်စ် (U.N. aid chief John Holmes) ကတော့ ပြန်လည်ဆောက်လုပ်ရေး (Reconstruction) အတွက် အရေးပေါ် ငွေသုံးမယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ကကော။ အင်း....ကိုယ့်နွံ ထဲကကိုယ် အနိုင်နိုင် ကြိုးစားရုန်းထွက် နေကြတုန်းဆိုတော့...... စောင့်ကြည့်ယုံပေါ့။

ဒါကတော့ စီရီယနိုင်ငံ (the Syrian Arab Republic) နိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်လ (မတ်လ ၃ ရက်၊ ၂၀၀၈ခုနှစ်) တုန်းက ပြုလုပ်ခဲ့တဲ့ အစ္စရေးနဲ့ အမေရိန်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးပါ။

တက်နိုင်သလောက် ပုံဆိုးဆိုးဝါးဝါးကြီးတွေ မတင်မိဖို့ကြိုးစားပါတယ်။ မတင်ပဲချန်ခဲ့တဲ့ ဒီထက် အရမ်းဆိုးဝါးတဲ့ ပုံတွေ ရှိပါတယ်။ မသင့်တော်လို့ ထားခဲ့ပါတယ်။

Sources:
http://www.indybay.org/
http://en.wikipedia.org/
http://www.daylife.com/
http://www.star-telegram.com/

0 comments:

 
© free template by Blogspot tutorial