Pages

Tuesday, March 31, 2009

ကြုံဆုံဖူးခဲ့ပေမယ့်
ဘာမှန်းငါမသေချာ...

ကြားခဲ့ဖူးပေမယ့်
ခွဲခြားနိုင်ဖို့ မလွယ်ကူ...

မြင်တွေ့ဖူးပေမယ့်
ဖြူလားမည်းလား ငါမသဲကွဲ...

ခံစားဖူးပေမယ့်
ဘာဆိုတာလည်း ငါမရေရာ...

မြည်းကြည့်ဖူးပေမယ့်
ချိုလားခါးလား ငါမသိ အရာရာဟာ နတ္ထိချည်းပဲ
အချစ်ဆိုတာ ဒါပဲလား...

ဒါမှမဟုတ်
ဒါကိုပဲ အချစ်လို့ ခေါ်တာလား......

1 comment:

  1. Poe......ချိုလား၊ ခါးလား မသေချာသေးခဲ့
    ရင်တော့ အချစ်မဖြစ်နိုင်သေးဘူးလေ။။။။။။။။။
    လက်ခံနိုင်ပါ့မလား..မသိ။။။:)

    ReplyDelete