ကြုံဆုံဖူးခဲ့ပေမယ့်
ဘာမှန်းငါမသေချာ...
ကြားခဲ့ဖူးပေမယ့်
ခွဲခြားနိုင်ဖို့ မလွယ်ကူ...
မြင်တွေ့ဖူးပေမယ့်
ဖြူလားမည်းလား ငါမသဲကွဲ...
ခံစားဖူးပေမယ့်
ဘာဆိုတာလည်း ငါမရေရာ...
မြည်းကြည့်ဖူးပေမယ့်
ချိုလားခါးလား ငါမသိ အရာရာဟာ နတ္ထိချည်းပဲ
အချစ်ဆိုတာ ဒါပဲလား...
ဒါမှမဟုတ်
ဒါကိုပဲ အချစ်လို့ ခေါ်တာလား......
Pages
▼
Tuesday, March 31, 2009
Sunday, March 22, 2009
လူနဲ့စနစ်
ကျွန်တော်တို့ လူသားတွေ ရာစုနှစ်တွေ များစွာ ဖြတ်ကျော်လာပြီး “တိုးတက်မှု” လို့ ကျွန်တော်တို့ ခေါ်ဆိုတဲ့ ဒီနေ့အတိုင်းအတာ တစ်ခုကို ရောက်လာပါပြီ။ တို့တက်စေတဲ့ စနစ်တွေကို ထွင်တဲ့လူကထွင်ပြီး သုံးတဲ့လူကလည်း သုံးတာကိုး။ ဒီနေ့လူတွေဟာ ကိုယ့်ရှူးကိုယ် ပါတ်နေပါပြီ။ သစ်တစ်ပင်မခုတ်လိုပေမယ့် စာရွက်မသုံးလို့ကလည်း မရ၊ အိုဇုန်းလွှာတွေ ပေါက်ကုန်တာ သိပေမယ့်လည်း အဲကွန်းနဲ့ကားမှ စီးချင်နေကြ။ စနစ်တွေထွင်ပြီး စနစ်ထဲက ရုန်းမထွက်နိုင်တော့ ခက်ကုန်ရော။ Capitalism တဲ့ ကြည့်ပါဦး။

အဲ့လိုပြောလို့ အောက်ဆုံးကလူကို သနားလို့ အပေါ်တစ်ဆင့် ဆွဲတင်ပေးဖို့ စိတ်မကူးပါနဲ့ သူအပေါ်ရောက်သွားရင် ဆွဲတင်ပေးတဲ့လူကို သူပြန်ကန်ချချင် ချနေမှာပါ.. ဘာလို့လဲဆိုတော့ အပေါ်ရောက်လေ နေရာက ကျဉ်းလာလေလေပဲလေ... မကန်ချရင် သူပြန်ကျသွားနိုင်ဖွယ်ရှိတယ်။
အဲ့ဒါတွေထားပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးလည်း စနစ်ဆိုးအောက်မှာ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေတာကြာပြီ။ ကျွန်တော်တို့ ဘယ်လိုဘယ်ပုံ တိုက်ဖျက်ကြမလဲ။ အင်း..သေချာတာကတော့ Rambo ကြီးလို လေး တစ်လက်နဲ့ တိုက်ဖျက်လို့ မရဘူးဆိုတာပါပဲ။ လက်ရှိနည်းပညာတွေ အရတော့ စနစ်ကို စနစ်နဲ့ ပဲတိုက်ဖျက်ကြဖို့ ကြိုးစားနေကြပါတယ်။ အကောင်းဆုံး နည်းလမ်းပါပဲ။ (တစ်ခြားနည်းလမ်းလည်း လက်နက်ကိုင် တော်လှန်ရုံကလွဲပြီး ကျွန်တော်လည်း မသိ) ဒါပေမယ့်ပေါ့လေ နှစ်ယေက်ရှိရင် သုံးဖွဲ့ ဖွဲ့တက်တယ် ဆိုတဲ့ ဝေဖန်မှုတွေအပေါ်လည်း ကျွန်တော်တို့ရဲ့ ပြည်ပရောက် အတိုက်အခံတွေ လက်တွေ့တစ်စုံတစ်ရာ ခြေပနိုင်ပုံလည်း မပေါ်သေးတော့...
မှတ်ချက်၊ ၊ စိတ်ထဲပေါ်ရာတွေကို ချရေးတာတွေသာ ဖြစ်လို့ မှားနေရင် please, ပြင်ပေးပါခင်ဗျာ.

- Capitalism
- We rule you
- We fool you
- We shoot at you
- We eat for you
- We feed all, we work for all
အဲ့လိုပြောလို့ အောက်ဆုံးကလူကို သနားလို့ အပေါ်တစ်ဆင့် ဆွဲတင်ပေးဖို့ စိတ်မကူးပါနဲ့ သူအပေါ်ရောက်သွားရင် ဆွဲတင်ပေးတဲ့လူကို သူပြန်ကန်ချချင် ချနေမှာပါ.. ဘာလို့လဲဆိုတော့ အပေါ်ရောက်လေ နေရာက ကျဉ်းလာလေလေပဲလေ... မကန်ချရင် သူပြန်ကျသွားနိုင်ဖွယ်ရှိတယ်။
အဲ့ဒါတွေထားပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးလည်း စနစ်ဆိုးအောက်မှာ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေတာကြာပြီ။ ကျွန်တော်တို့ ဘယ်လိုဘယ်ပုံ တိုက်ဖျက်ကြမလဲ။ အင်း..သေချာတာကတော့ Rambo ကြီးလို လေး တစ်လက်နဲ့ တိုက်ဖျက်လို့ မရဘူးဆိုတာပါပဲ။ လက်ရှိနည်းပညာတွေ အရတော့ စနစ်ကို စနစ်နဲ့ ပဲတိုက်ဖျက်ကြဖို့ ကြိုးစားနေကြပါတယ်။ အကောင်းဆုံး နည်းလမ်းပါပဲ။ (တစ်ခြားနည်းလမ်းလည်း လက်နက်ကိုင် တော်လှန်ရုံကလွဲပြီး ကျွန်တော်လည်း မသိ) ဒါပေမယ့်ပေါ့လေ နှစ်ယေက်ရှိရင် သုံးဖွဲ့ ဖွဲ့တက်တယ် ဆိုတဲ့ ဝေဖန်မှုတွေအပေါ်လည်း ကျွန်တော်တို့ရဲ့ ပြည်ပရောက် အတိုက်အခံတွေ လက်တွေ့တစ်စုံတစ်ရာ ခြေပနိုင်ပုံလည်း မပေါ်သေးတော့...
မှတ်ချက်၊ ၊ စိတ်ထဲပေါ်ရာတွေကို ချရေးတာတွေသာ ဖြစ်လို့ မှားနေရင် please, ပြင်ပေးပါခင်ဗျာ.
Saturday, March 14, 2009
Gtalk အများကြီးဖွင့်ရအောင်
အချို့သောသူတွေ gmail account နှစ်ခု သုံးခု ရှိတက်ကြပါတယ်။ ရှိထားတဲ့အလျောက် ရှိသလောက် ကိုလည်း တစ်ချိန်တည်းမှာ ဖွင့်လိုကြပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသစ်မှန်ရင် အဲ့လိုလုပ်တာကို လက်မခံပါဘူး။ လုပ်လို့မရပါဘူး။ သိပြီးတဲ့ လူတွေလည်းရှိမယ်။ မသိသေးသူတွေလည်း ရှိပါမယ်။ အောက်ပါပုံကို ကြည့်ပါ။ တစ်ချိန်တည်းမှာ Gtalk တွေအများကြီး ဖွင့်ထားပါတယ်။

အဲလိုလုပ်ချင်ရင် ငှက်ပျောသီး အခွံနွာရသလိုပါပဲ။ လွယ်မှလွယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါ။
- Gtalk Shortcut ကို right-click ပါ။
- အောက်ဆုံးက Properties ဆိုတာကို left-click ပါ။ အဲမှာ right-click လုပ်ခဲ့တဲ့ Gtalk shortcut ရဲ့ properties ကိုပြတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။
- အဲ့မှာ “Target:” ဆိုတာရဲ့ ညာဘက်က အကွက်လေးထဲမှာ "C:\Program Files\Google\Google Talk\googletalk.exe" ဆိုတာကို "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ပြောင်းလိုက်ပါ။
- Apply လုပ်ပြီး OK ပေါ့...
- ဒါပါပဲ...ပြီးသွားပါပြီ...
ပြီးရင် စမ်းကြည့်ပေါ့။ Gtalk တစ်ခုဖွင့်ပြီး နောက်တစ်ခု ဖွင့်လို့ ရမရ....ကျွန်တော်တော့ သူငယ်ချင်းတစ်ယောက် ပြလို့ အဲ့လိုလူလည် လုပ်လာတာ ကြာပြီ...တစ်ခြားနည်းတွေလည်း ရှိပါတယ်။ ဒါက ကျွန်တော် သိသလောက်ထဲက အလွယ်ဆုံး နည်းပါပဲ။ ပျော်ရွင်နိုင်ပါစေ..
Thursday, March 12, 2009
မဟူရာည

တစ်နေ့ညက သူငယ်ချင်းက သူငယ်ချင်းဆီကနေ အရမ်းကြည့်ချင် နေတဲ့ခွေ (The Dark Night) ကိုရလိုက်တယ်။ ခွေကတော့ မနှစ်ကတည်းက ထွက်တာပါ။ တစ်ညငှားကွာ ဆိုပြီးနှစ်ည ကြည့်ဖြစ်ခဲ့တယ်။ အရမ်းကြိုက်လို့။ ကြည့်ရတာ မျက်စိလည်း အရသာရှိတယ်။ "Massage" ကောင်းကောင်း လည်းရတယ်။ ရုပ်ရှင်ထဲက "Joker" ကြီးပြောသွားတဲ့ စကားတစ်ခွန်းကိုလည်း နားထဲစွဲသွားတာပဲ။ ဂျိုကာကြီးက ဒုစရိုက် ပေါင်းစုံလုပ်တဲ့သူ့ကို တားမြစ်တဲ့ သူရဲကောင်းကြီးရဲ့ သူဘာလို့ ဒါတွေလုပ်ရတာလဲ ဆိုတဲ့ အမေးကို ပြန်ဖြေ လိုက်တာပါ။ သူ့အဖြေကတော့ ရှင်းပါတယ်။
"Some men just want to see the World burn." “အချို့လူတွေကိုက ကမ္ဘာကြီး ပြာကျသွားတာကို...... မြင်ချင်တာ” တဲ့။
ဘာသာပြန်တာ သိပ်မတည့်သလိုပဲ။ မူရင်း အင်္ဂလိပ်စာသားကိုပဲ ခံစားပါ။ ပိုလေးနက်ပါတယ်။ အဲ့ဒါထားပါ။ လိုရင်းမရောက်တော့ဘူး။ ပြောချင်တာက အဲ့ဒီ ဇတ်ကကားကို ကြည့် အဲ့ဒီစကားလဲ ကြားပြီးရော အဖြစ်အပျက် ပေါင်းစုံ ခေါင်းထဲဝင်လာတယ်။ သင့်အနေနဲ့ရော စိတ်ရှုပ်စေတဲ့ သို့မဟုတ် အလိုမကျတဲ့ ကိစ္စတစ်ခုခုကြောင့် လူတစ်ယောက်ယောက်ကို တည့်တည့်ကြည့်ပြီး “ဒီလူဘာလို့ အဲ့လိုလုပ်ရတာလဲကွာ......နားကိုမလည်တော့ဘူး..” လို့ "The Dark Night" ထဲကသူရဲကောင်းကြီး လင်းနို့လူသားလို ညည်းညူဖူးလား.... ရှိမယ်လို့ထင်ပါတယ်။ ကျွန်တော်တော့ ဖြစ်ဖူးတယ် မကြာခဏပါပဲ။ အဲလိုပါပဲ ကျွန်တော့ကို တည့်တည့်ကြည့်ပြီး.... “
“ဒီကောင်ဘာလို့ အဲ့လိုလုပ်ရတာလဲကွာ......နားကိုမလည်တော့ဘူး..” လို့ အပြောခံရဖူးပါတယ်။
တနေ့ကလည်း သတင်းတစ်ခုမှာ ဖတ်ဖြစ်လိုက်တယ်။ ၁၇ နှစ်အရွယ် ဂျာမန်ကျောင်းသား တစ်ယောက် လူ ၁၅ယေက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ရဲတွေလာလို့ ပြေးရင်း ခြေထောက်သေနတ် မှန်ပါတယ်။ သူမပြေးနိုင်တော့လို့ ရဲတွေ သူ့နား ချဉ်းကပ်တော့ သူ ကို့ကိုယ်ကို ပြန်ပစ်သတ်လိုက်ပါတယ်။ သူဘာလို့ အဲ့လိုလုပ်တာလဲဆိုတာ ရဲတွေ ဖော်မထုပ်နိုင်ပါဘူး။ သူ့ကိုရင်းနီးတဲ့ သူတွေကိုမေးကြည့်တော့ သူက လူအေးတစ်ယောက်ပါလို့ပြောတယ်။ လူသိသူသိလည်း သိပ်မများဘူးတဲ့။ နားလည်ရခက်သား...
ဒီအမှုက သေးပါသေးတယ်။ ဒီထက်နီးစပ်တဲ့ ဥပမာပေးရရင် ကျွန်တော်တို့ နိုင်ငံရဲ့ စစ်အစိုးရပါပဲ။ သင်ဟာ စစ်အစိုးရအကြောင်း သိတဲ့လူမှန်ရင်
“ဗိုလ်ချုပ်မှူးကြီး သန်းရွေဘာလို့ အဲလိုလုပ်ရတာလဲ မသိပါဘူးကွာ” လို့
သင်သေချာပေါက် ညည်းညူဘူးမှာပါ။
ဒါလည်းထားပါဦး။ ကမ္ဘာတစ်ဝန်းကို ကြည့်လိုက်ရင်....အမေရိကန်တွေ မေ့ပျောက်မရနိုင်တဲ့ အိမ်မက်ဆိုးကြီး 9/11 ကအစ ကမ္ဘာအနှံ့မှာ ဖြစ်ပျက်ခဲ့၊ ဖြစ်နေဆဲနဲ့ ဆက်ဖြစ်နေဦးမယ် စစ်ပွဲပေါင်းများစွာတွေ အဆုံးပေါ့.... သင့်ခေါင်းထဲမှာ မေးခွန်းတွေ အများကြီး အများကြီး ထွက်လာ လိမ့်မယ်လို့ ထင်ပါတယ်။ အဖြေမရှိတဲ့ မေးခွန်းတွေပေါ့။
ဒါဆိုရင် "The Dark Night" ရုပ်ရှင်ထဲက ဂျိုကာကြီးပြောတဲ့
"Some men just want to see the World burn"
ဆိုတာကပဲ အဲ့ဒီ မေးခွန်းတွေရဲ့ အဖြေပဲလား.......သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ...
Wednesday, March 11, 2009
အမေးနဲ့အဖြေ
မေးခွန်းတွေက ကမ္ဘာကြီးကို ပြောင်းလဲစေတယ်တဲ့။ မေးခွန်းတွေဟာ စွမ်းအင်ကြီးမားတယ်။ မေးခွန်းတွေဟာ အပြောင်းအလဲတွေ ပါပဲတဲ့။ သစ်သီးဘာကြောင့် မြေပေါ်ကြွေတယ် ဆိုတဲ့ အမေးကို..အဖြေရှာရင်း... ကမ္ဘာကြီးမှာ ဆွဲအားရှိတယ်ဆိုတာ သိလာရတယ်။ လင်းနို့တွေ အမှောင်ထုထဲမှာ ဘယ်လိုများ ပြန်သန်းနေကြလဲ ဆိုတဲ့ အမေးကို အဖြေရှာရင်း ရေဒါ ဆိုတာတွေ.. ပေါ်လာတယ်။ သို့သော်လည်း ရာစုနှစ်များစွာတိုင်... ယနေ့ထက်ထိတိုင် အဖြေ ရှာမရသေးတာတွေလည်း အများကြီးရှိပါတယ်။ အဲဒီအဖြေတွေကလည်း သေချာတယ်.... အပြောင်းအလဲတွေပါပဲ။
အဲဒီလို မေးခွန်းတွေဟာ စွမ်းအင်ကြီးမားတဲ့ အလျောက် လူတွေ အတော်များများကလည်း မေးခွန်းတွေကို နှစ်သက်လေ့ မရှိကြပါဘူး။ ကျွန်တော်ပါ အပါအ၀င်ပေါ့။ အကောင်းဆုံး ဥပမာကိုပြရရင် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အလွန်မျော်လင့်ခဲ့ မျော်လင့်နေလောက်ဆဲ ဖြစ်သော သုံးပွင့်ဆိုင်ဆွေးနွေးပွဲ (tripartite dialog) ဆိုတာကြီး ဖြစ်ပေါ်မလာရတာလည်း မေးခွန်းတွေကို ရင်မဆိုင်ဝံ့တဲ့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ လက်ရှိစစ်အစိုးရ ကြောင့်ပါပဲ။ ဆွေးနွေးပွဲ ဖြစ်မြောက်ခဲ့ရင် အလုံးအရင်းနဲ့ ၀င်ရောက်လာမည့် မေးခွန်းတွေအတွက် သူတို့မှာ အဖြေမရှိပါဘူး။
အဲ့ဒီဥပမာတောင် သင်နဲ့အလှမ်းဝေးကောင်း ဝေးနေပါဦးမယ်။ သင်နေ့စဉ်ရက်ဆက် ထိတွေ့ဆက်ဆံနေရတဲ့ သူတွေ သင့်အပေါင်းအသင်း မိတ်ဆွေတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ ချစ်သူရည်းစားတွေ လည်း သင်သိထားမိရင် သိနိုင်ပါတယ်။ သင်ကိုယ်တိုင် အပါအ၀င် သူတို့အားလုံးလည်း အချို့အချို့သော မေးခွန်းတွေကို သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ ရှောင်ကြည်ကြတယ် ဆိုတာကိုပေါ့။
ဘာလို့ အဲလိုလုပ်တာလဲ.....ဒါကဘာလို့လဲ..... ဒါကကော ဘာကြောင့်လဲ..... သူတို့ကိုကော ဘာလိုလုပ်မှာလဲ.......ဒီလိုကော ဘာလို့မလုပ်ရတာလဲ............... ငါဘာပြောရမလဲ.......ငါဘယ်လို လုပ်ရမလဲ.........ငါဘယ်လို ဖြေရမလဲ......... ?????????????????????????????????????????