Pages

Sunday, January 25, 2009

ချစ်သူများရဲ့ပုံပြင်

ပုံပြင်လေးတစ်ပုဒ် ပြောပြပါမယ်။ ခုခေတ် ကျွန်တော်တို့ လူငယ် တွေရဲ့ ဖြစ်လေ့ရှိတဲ့ အချစ်ဇတ်ကြောင်းကို အခြေခံ ထားပါတယ်။

တစ်ခါတုန်းကပေါ့ ခပ်ငယ်ငယ် စုံတွဲလေး ရှိပါတယ်။ နှစ်ယောက်လုံးက အချစ်ကိုစတင် သောက်သုံးမိ နေသူတွေပါ။ တစ်ယောက်နဲ့တစ်ယောက်လည်း မခွဲနိုင် မခွာနိုင်ပေါ့။ ဒီလိုနဲ့ နှစ်တွေကြာအောင် လက်တွဲခဲ့ကြတယ်။ အချစ်မှာ ရစ်မူးကြတယ်။ အချစ်ကို ကိုးကွယ် ကြတယ်တဲ့။ နှစ်ယောက်လုံးလည်း ဖြစ်ချင်တဲ့ ဘ၀ပန်းတိုင်ကိုယ်စီ နဲ့တဲ့။

ကောင်မလေးက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်ချင်တယ်။ လူကလည်း လှတယ်။ အစွမ်းလည်းရှိတယ်။ အဲ့မှာစတာပါပဲ ဇာတ်လမ်းက။ မရှိတာက။ ခဏနော် ဘာမရှိတာလည်း ကြိုမှန်းလို့ရရင်လည်း ကိုယ့်ဟာကို မှန်းပြီး ဆက်ဖတ်နော်။ ရစ်တာမဟုတ်ပါဘူး။ အဲဒါကြီးစောစီးစီး စကားထဲ ထည့်မပြောချင်လို့ပါ။

ကောင်လေးကျ ဟိုဘာ Cpmputer Expert တစ်ယောက်ဖြစ်ချင်တယ်တဲ့။ အထူးသဖြင့် Programming မှာတဲ့။ Computer လည်း အရမ်းဝါသနာပါတယ်။ ကောင်မလေးပြီရင် Computer ကဒုတိယပဲ။ သူ့နိုင်ငံမှာလည်း ကွန်ပြူတာ အကြောင်း တော်တော် လေ့လာပြီးသွားပြီ။ ဒါပေမယ့် အဲဒါ ဖြစ်ချင်တဲ့ အတိုင်းအတာ မဟုတ်သေးဘူးတဲ့။ သူက ဘာလုပ်ချင် သေးလဲဆိုတော့ နိုင်ငံခြားမှာ အဲ့ဒါကို သွားသင်ချင်တယ်တဲ့။ သူလည်း အဲ့မှာစတာပဲ။

ဟာဗျာ Typing လုပ်ရတာ လက်ညောင်းလာပြီ။ ကြာပါတယ်။ ဒီလိုဗျာ သူတို့နှစ်ယောက် ချစ်သက်တမ်း ၇နှစ် (Lucky Seven ပါ) မှာ ကွဲသွားတယ်။ မဟုတ်ဘူးဗျ လမ်းခွဲလိုက်ကြတာ။ အဲအတူတူပါပဲ။ အဲမတူဘူးဗျ။ ဟာ ရှုပ်ကုန်ပြီ။ နှစ်ယောက်လုံးက ချစ်ကြသေးတယ်။ ချစ်ကိုချစ်ကြသေးတာ။ ဒါပေမယ့်ပေါ့။ ကွဲသွားတယ်။ ကျောင်းတွေပြီးလို့ လက်တွေလောကထဲ စတင် ခြေလှမ်းကြတဲ့ အချိန်မှာပေါ့။

ကောင်မလေးက နာမည်ရ တေးထုပ်လုပ်ရေးက ပုဂ္ဂိုလ် တစ်ယောက်နဲ့ နာမည်ထွက် တယ်။ ကောင်လေးလည်း သူအလုပ်လုပ်တဲ့ ရုပ်ရှင်ထုပ်လုပ်တဲ့ ကုမ္မဏီက သူ့ထက် အသက် ဆယ့်တစ်နှစ် ပိုကြီးတဲ့ သူရဲ့ ဟို... ဘာလိုလို အကူအညီနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက် မယ်တဲ့။ သူကတော့ အသက် နှစ်ဆယ့် သုံးပါ။



တစ်ခုထူးခြားတာက နှစ်ယေက်လုံးက လမ်းခွဲတာ ငြိမ်းငြိမ်းချမ်းချမ်းပဲတဲ့။ နှစ်ယောက်လုံးက တစ်ယောက် အကြောင်း တစ်ယောက် မသိဘူးပဲထင်ခဲ့တာတဲ။ လမ်းခွဲတဲ့နေ့ကျတော့မှ တစ်ယောက် နဲ့တစ်ယောက် ကိုယ့်ရည်ရွယ်ချက် တွေအတွက် ကိုဘယ်လို ကြိုးစားအကောင်အထည် ဖော်ကြလဲ ဆိုတာကို အစောကတဲက နှစ်ယောက်လုံးက ကြိုသိနေကြတာကို ပြန်သိသွားကြတယ်။ သိသိကြီးတွေ ဆိုပေမယ့် တစ်ယောက်အပေါ် တစ်ယောက်နားလည်လို့ နှစ်ယောက်လုံးက မသိချင်ယောင် ဆောင်ခဲ့တာတဲ့။ “သိ” တွေ နည်းနည်းများနေလားလို့။ နားလည်ပါတယ်နော်။

နှစ်ယောက်လုံးလည်း ရင့်ကျက် လာတယ်။ တွေးတက်လာတယ်။ အချစ်နဲ့ ဘ၀ ခွဲခြားတက်လာတယ်။ နှစ်ဦးလုံး သူတို့နှစ်လုံးသားကို ကိုယ်စီကိုယ်စီ သော့ခတ်ထားလိုက်ကြတယ်။ ဟို လမ်းခွဲကြတဲ့ နေ့မှာပဲ သူတို့နှစ်ဦး ပြိုင်ဆိုင်မှု တစ်ခု ဒါမှမဟုတ် ကတိတစ်ခုပေါ့ အယ် အဲ့ဒီအအပေါ် သဘောတူညီခဲ့ကြတယ်တဲ့။ ဘာလဲခဏနေ ပြောမယ်နော်။


နှစ်ပေါင်းနှစ်ဆယ်ကြာသော်

(နှစ်နှစ်ဆယ်ကြာတော့မှ ကျွန်တော့ blog ကိုပြန်လာထိုင်ဖတ်တယ်လို့မှတ်ပါ)
နှစ်နှစ်ဆယ်ကြာတော့ ဟိုစောစောက ကျွန်တော်ပြောတဲ့ ကောင်လေး... အဲနာမည်တောင်မပြော လိုက်ရဘူးနော်။ ကျော်မျိုးနိုင်ပါ။ အဲ ခုတော့် ဦးကျော်မျိုးနိုင်ပေါ့။ သူခု “ဖြူ” ရုပ်ရှင်ကုမ္မဏီရဲ့ သူဌေးပါ။ နိုင်ငံခြားမှာလည်း ၃နှစ်နီးပါး အလုပ်လုပ်ခဲ့ ပြီးပါပြီ။ ဒါပေမယ့် သူ့ကို အဲ့ဒီ ကုမ္မဏီ အကြောင်းမေး သိတာ မရှိသလောက်ပဲ။ အားလုံးနီးပါးကို သူ့အစ်မကို လွဲထားပါတယ်။ သူ့ကွန်ပြူတာပစ္စည်း အရောင်းဆိုင်ပဲ အရောက်များပါတယ်။


မေ့နေတယ် သူ့ဇနီး သံလွင်ဖြူ ဆိုတာကတော့ ကိုးရီးယားဇတ်လမ်းတွေမှာ ဖြစ်နေကျ ရောဂါဖြစ်နေတဲ့ ကင်ဆာနဲ့ဆုံးသွားတာ နှစ်နှစ်နီးပါး ရှိပါပြီ။ အဲဒီနောက်ပိုင်း အဲ့ဒီ “ဖြူ” ကုမ္မဏီမှာ အစောပိုင်း နှစ်တွေမှာ ကတည်းက သူ့ကောင်းကျိုးနဲ့ အလုပ်လုပ်နေတဲ့ သူ့အစ်မက ဒါရိုက်တာ ဖြစ်သွားပါတယ်။ သူအစ်မကို အကုန်လွဲပါတယ်။ သူလုပ်တာ တစ်ခုထဲ ရှိပါတယ်။ အဲ့ဒါကတော့ နှစ်တိုင်း သီချင်းဆိုပြိုင်ပွဲကို တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ် ၀ါသနာရှင်တွေကို ဖိတ်ခေါ် ပြုလုပ်ပါတယ်။ အဲဒီထဲကမှ ရွေးချယ်ခံရသူ ကျားတစ်ဦး မတစ်ဦးကို တစ်ကိုယ်တော် သီချင်းစီးရီး ထုပ်ဖို့အတွက် ကုန်ကျစရိတ် အားလုံးကို သူထောက်ပံ့ပေးပါတယ်။ သူများတွေက ပြောတာပေါ့ ရုပ်ရှင်ထုပ်လုပ်ရေး ကုမ္မဏီ ပိုင်ရှင်ဖြစ်ပြီး သရုပ်ဆောင် ပြိုင်ပွဲ မလုပ်ပဲ ဘာလို့ သီချင်းဆို ပြိုင်ပွဲကို လုပ်ရတာလဲပေါ့။ အဲဒီလိုအမေးခံရတိုင်း သူဘာတစ်ခုမှ ပြန်ဖြေလေ့မရှိပါဘူး။ (ကျွန်တော်လည်း မပြောသေးဘူးနော်)

အဲ.... သူ့အစ်မ တစ်ယောက်ထဲအတွက် ထားတဲ့ စီးကမ်းတစ်ခုလည်း ရှိတယ်တဲ့။ ဆန်းလည်းဆန်းတယ်။ စီးကမ်းကတော့ ဟို သူ့ဘ၀ဇတ်ကြောင်းနဲ့ အရင်းတည်လာတယ် ထင်ပါတယ်။ သူ့အစ်မကိုပြောတယ်။ ချည်းကပ်လာတဲ့ သရုပ်ဆောင်သစ် တစ်ယောက်ယောက်နဲ့ ဒီနေ့ဇတ်လမ်းထွက်ရင် နောက်နေ့ အလုပ်ပြုတ်ပဲတဲ့။

ဟို... ကောင်မလေးကတော့ အစောပိုင်းနှစ်တွေမှာ “နွေပန်း” ဆိုတဲ့ ခွေနဲ့ လူကြိုက်များ အဆိုတော် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ အင်း ရင်နာစရာ ကောင်းပါတယ်။ နာမည်ရပြီး တစ်နှစ်ကျော် အကြာမှာပဲ .. သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့ရောတဲ့။ သွယ်ဝိုက် မနေတာ့ပါဘူး။ အဓ္ဓမ ပြုခံခဲ့ရတယ်တဲ့။ အဲ့ဒီအချိန်ဟာ ကောင်လေး နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ အချိန်။ အလုပ်လုပ်ရတဲ့ ရည်ရွယ်ချက် ကလည်း သူ့ကို ထောက်ပံ့ခဲ့တဲ့ ဒေါ်သံလွင်ဖြူရဲ့ ထောက်ပံ့မှုတွေကို ပြန်လည် ပေးဆပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ပါ။

သတင်းကြားကြားချင်း ကောင်လေး ပြန်လာရောတဲ့။ သူအရူးတစ်ပိုင်း ဖြစ်သွားခဲ့တယ်။ အဲ့ဒီတရားခံကို သူသတ်ဖို့အထိ သူကျိုးစား ခဲ့ပါတယ်။ သူ့ကို နှစ်သိမ့်ခဲ့သူကတော့ ဒေါ်သံလွင်ဖြူပါ။ ဒေါ်သံလွင်ဖြူဟာ သူ့ကို အဲ့ဒီ ဒေါသတွေ ပျောက်သွားအောင် ဖြောင်းဖျ နိုင်ခဲ့တယ်။ သူ့ကိုလည်း အတော်နားလည်ခဲ့တာကိုး။

ဒေါ်သံလွင်ဖြူက သူ့ကို နိုင်ငံခြားမှာ အလုပ်မလုပ်ခင်၊ ကျောင်းသွားမတက်ခင် ကတည်းက သူနဲ့ လက်ထပ်ဖို့ ပြောခဲ့တယ်တဲ့။ ဒါပေမယ့် သူ့ကို လွပ်လွပ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးတယ်။ ကောင်လေးကို သူပြောတယ် မင်းရဲ့ဆုံးဖြတ်ချက်က မင်းကိုနိုင်ငံခြားသွားဖို့ ထောက်ပံ့မယ့် ငါ့ရဲ့ဆုံးဖြတ်ချက်ကို သက်ရောက်မှု မရှိပါဘူးတဲ့။

အဲ့ဒီအဖြစ်အပျက် ဖြစ်ပြီး နှစ်နှစ်အကြာမှာ ဒေါ်သံလွင်ဖြူနဲ့ အဲ့ဒီကောင်လေး လက်ထပ်လိုက်ကြတယ်။ အဲ့ဒီနောက် စောစောက ပြောသလိုပဲ ဒေါ်သံလွင်ဖြူ ဆုံးသွားတော့ သွေးသားရင်းမရှိတဲ့ ဒေါ်သံလွင်ဖြူဟာ ပိုင်ဆိုင်မှုတွေအားလုံး သူ့ကိုလွှဲပေးသွား ခဲ့ပါတယ်။ ဒါပါပဲ ဇာတ်လမ်းက။ အော်....စောရီး မေ့သွားတယ်။ ပြောမှာပါ။ ဟိုကောင်လေးနဲ့ ကောင်မလေး လမ်းခွဲတုန်း သဘောတူခဲ့တဲ့ ပြိုင်ဆိုင်မှု သို့မဟုတ် ကတိဆိုတာက ဒီလိုပါ။ ကောင်မလေးက အရင်စပြောခဲ့တယ်။ အောက်ပါအတိုင်းပေါ့။

နွေးစန္ဒီ ထိုနေ့ ကျော်မျိုးနိုင်အား ပြောသွားခဲ့သော တိုင်တည်တည်မှု

“ကိုမျိုးနွေးကို ဘယ်လောက်ချစ်တာ နွေးသိတယ်။ အဲ့လိုပဲနွေး ကိုမျိုးကို ဘယ်လောက်ချစ်တယ် ဆိုတာလဲ ကိုမျိုး အသိပဲ။ ကိုမျိုး ဘာလို့ ဒေါ်သံလွင်ဖြူနဲ့ ပက်သက်ရတာလဲ နွေးနားလည်တယ်။ ကိုမျိုးလည်း နွေးကို နားလည်မယ်ဆိုတာ နွေးသံသရမရှိဘူး။ နွေးသစ္စမဲ့တဲ့သူ မဟုတ်သလို ကိုမျိုးလည်း အဲ့ဒီလိုလူမျိုး အဟုတ်ဘူးဆိုတာ သိတယ်။ နွေးတို့ဒီနေ့ လမ်းခွဲကြတယ်နော်။ တစ်ခုတော့ တိုင်တည်ကြရအောင် ကိုမျိုး။ ဒီနေ့ကစပြီး မှတ်ထားကြမယ်။ နွေးနဲ့ ကိုမျိုး သစ္စာမှန်ရင် ပေါင်းကို ပေါင်းစပ်မယ်။ နောင်ဘ၀မကူးဘူး ဒီဘ၀ထဲမှာပဲ။ ပြန်ကိုပေါင်းစည်း ကြရမယ်။ နွေးယုံတယ်။ အဲ့ဒီအတွက် တိုင်တည်ရအောင်။ နွေးရော ကိုမျိုးရော နှစ်ယောက်လုံး ပြန်ဆုံနိုင်ဖို့ ကြိုးစားရမယ်။ ဘယ်နေ့ဖြစ်ဖြစ် ဒီဘ၀ဆိုရင် ပြီးတာပဲ။ ဒါပေမယ့် တစ်ခုပဲရှိတယ်။ အဲ့ဒီလို ပြန်ဆုံဖို့ ကြိုးစားနေချိန်မှာ နွေးတို့နှစ်ယောက် ဘယ်သူနဲ့မှ လက်မထပ်ခွင့် မရှိဘူး။ လက်မထပ်ရလို့ မဆိုလိုဘူး။ ဒါပေမယ့် နွေးဖြစ်စေ ကိုမျိုးဖြစ်စေ လက်ထပ်လိုက်တဲ့သူဟာ နွေးတို့ ပြန်ဆုံဖို့ ဒီနေ့တိုင်တည်တာကို ချိုးဖြတ်တဲ့လူပဲ။ အရင်ကတည်းကလည်း မချစ်ခဲ့တဲ့သူပဲ။ ဒါဆို တစ်ခြားတစ်ယောက်ကလည်း သူဆန္ဒရှိရာ သူလုပ်ခွင်ရှိသွားပြီ။ သူ့မှာအပြစ်မရှိဘူး”







Friday, January 23, 2009

အစ္စရေး (Israel) က ခုအပစ်အခတ်ရပ်စဲမယ်တဲ့

အစ္စရေးတို့ (Israel) ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၇ ရက်နေ့က အပစ်အခတ် ရပ်စဲမယ် လို့ကြေညာပါတယ်။ ဒါပေမယ့် သူ့ကြေညာချက်က ဂါဇာ (Gaza) ကမ်းမြောင်ကို ၂၂ရက်ကြာ လေယဉ်တွေ၊ တင့်ကားတွေ၊ အမြောက်တွေ၊ ဒုန်းကျဉ်တွေနဲ့ ညက်ညက်ကြေ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ပြီးချိန်၊ အပြစ်မဲ့ကလေးသူငယ် ၃၅၀ အပါအ၀င် ပါလက်စတိုင်း (Palestinians) နိုင်ငံသားပေါင်း အနည်းဆုံး ၁၂၀၀ သေဆုံးပြီးချိန်၊ ၅၂၀၀ ကျော်ဒဏ်ရာ ရအပြီးချိန်၊ ဂါဇာရဲ့ အခြေခံ အဆောက်အဦး များစွာနဲ့ လူနေအဆောက်အဦး ပေါင်း ၂၀၀၀၀ ခန့် ပျက်စီးကာ ၂၆၀၀၀ သော ဂါဇာ မြို့သူမြို့သားတွေ အိုးအိမ်မဲ့အပြီးမှ ကြေညာတဲ့ တစ်ဖက်သတ် ကြေညာမှု ဖြစ်နေပါတယ်။ ပိုဆိုးတာက သူနဲ့ပါလက်စတိုင်းတို့ သဘောတူလို့ အပစ်အခတ် ရပ်စဲရေး ကြေညာတာမဟုတ်ပါပဲ အမေရိကန်နဲ့ သဘောတူညီမှု ရယူပြီး ကြေညာတာ ဖြစ်နေပါတယ်။ ဟားမတ် (Hamas or Islamic Resistance Movement) ကတော့ တစ်ပါတ်တာ အပစ်အခတ်ရပ်စဲဖို့ သဘောတူလိုက်ပါတယ်။

ပါလက်စတိုင်းဘက် ကတော့ ထုံးစံအတိုင်း ကမ္ဘာမကြေပေါ့။ မကြေတာ အစ္စရေးကိုချည်း မဟုတ်ပါဘူး။ သူ့ကိုလက်သက်မွေး ထားတဲ့ အမေရိကန်ကိုရောပါ။ အမေရိကန်ရဲ့ လုပ်ပုံ (Hypocrisy) ကိုလည်း ကမ္ဘာက သိတာပဲ။

ကုလသမ္မက ကူညီထောက်ပံ့မှု အကြီးအကဲ မစ္စတာ ဂျွှန်ဟုမ်း လ်စ် (U.N. aid chief John Holmes) ကတော့ ပြန်လည်ဆောက်လုပ်ရေး (Reconstruction) အတွက် အရေးပေါ် ငွေသုံးမယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ကကော။ အင်း....ကိုယ့်နွံ ထဲကကိုယ် အနိုင်နိုင် ကြိုးစားရုန်းထွက် နေကြတုန်းဆိုတော့...... စောင့်ကြည့်ယုံပေါ့။

ဒါကတော့ စီရီယနိုင်ငံ (the Syrian Arab Republic) နိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်လ (မတ်လ ၃ ရက်၊ ၂၀၀၈ခုနှစ်) တုန်းက ပြုလုပ်ခဲ့တဲ့ အစ္စရေးနဲ့ အမေရိန်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးပါ။

တက်နိုင်သလောက် ပုံဆိုးဆိုးဝါးဝါးကြီးတွေ မတင်မိဖို့ကြိုးစားပါတယ်။ မတင်ပဲချန်ခဲ့တဲ့ ဒီထက် အရမ်းဆိုးဝါးတဲ့ ပုံတွေ ရှိပါတယ်။ မသင့်တော်လို့ ထားခဲ့ပါတယ်။

Sources:
http://www.indybay.org/
http://en.wikipedia.org/
http://www.daylife.com/
http://www.star-telegram.com/

ဂန်ဘာရီ (Gambari) ဒီလအကုန်မြန်မာနိုင်ငံသွားဦးမယ်

ကုလသမ္မက အထွေထွေ အတွင်းရေးမှူး မြန်မာနိုင်ငံ အထူးကိုယ် စားလှယ် မစ္စတာ ဂန်ဘာရီ (Gambari) ဒီ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ အကုန်မှာ မြန်မာနိုင်ငံကို ပြန်သွားဦးမယ်တဲ့။ ခုနှစ်ကြိမ်မြောက် အနေနဲ့ပါ။ Lucky Seven ဟ။ ဘယ်သူ ကံကောင်းမလဲတော့ မသိဘူး။ ဒီတစ်ခါ အလည် မဖြစ်ပါစေနဲ့။





Source: http://www.shaneabrahams.com/

Thursday, January 1, 2009

ဗီဒီယိုများ

  • ဓါးကစားနည်း
ကြည့်စေချင်ပါတယ်။ ဒါပေမယ့်စမ်းတော့ မစမ်းကြည့်စေချင်ဘူး။



  • လူသားရဲတိုက်
ဒီလိုဟာကိုလုပ်ဖို့ ဘယ်သူစပြီးစိတ်ကူးရလဲမသိဘူး။ အဲဒီစိတ်ကူးကိုလဲ ဘယ်လိုလုပ်ပြီး ဒီလောက်လူအုပ်ကြီးက လိုလိုလားလား ပူးပေါင်းပါဝင်ရတာလဲမသိတော့ပါဘူး။ သေကုန်တော့မှာပဲ။



  • ကားမောင်းသောခွေးလော
သူများဇဝေဇ၀ါ ဖြစ်တာကိုပဲ ပျော်နေပုံရပါတယ်။