
HAARP (High-frequency Active Aurora Ionospheric Research Program) ဟာ လက်ရှိ အမေရိကန်နိုင်ငံ အလာစကာ (Alaska) မြို့မှာ အမေရိကန် စစ်တပ်က (အများက ၂၁ ရာစုရဲ့ စူပါ လက်နက် အဖြစ် သတ်မှတ်ထားတဲ့) အီလက်ထို မက်ဂနက်တစ် (Electromagnetic) စွမ်းအင်သုံး ‘Scalar Weapon’ ဆိုသည်အား စနစ်တကျ အကောင်အထည် ဖော်နေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ရာသီဥတုကို စိတ်ကြိုက် ထိန်းချုပ်လို့ ရပါတယ်။ ဆန္ဒရှိတဲ့ အချိန် ဆန္ဒရှိတဲ့ နေရာမှာ ဆန္ဒရှိတဲ့ ရာသီဥတုကို (ရေလွမ်းခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်း စသည်) ဆန္ဒရှိသလို ထိန်းချုပ်လို့ ရမှာ ဖြစ်ပါတယ်။ သီအိုရီကို စတင် တွေ့ရှိခဲ့တဲ့ လက်ရှိ တစ်ဦးတည်းသော မူပိုင်ခွင့် ရှိသူကတော့ ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၂ရက်မှာ ကွန်လွန် သွားပြီ ဖြစ်တဲ့ ရူပဗေဒ ပါညာရှင် ‘ဘန်းနာ့ အိစလန်’ (Bernard Eastlund) ပဲဖြစ်ပါတယ်။
တီထွင်သူ ‘ဘန်းနာ့’ ကတော့ စွမ်းအင် ရရှိဖို့ ရည်ရွယ်ချက်နဲ့ပါ။ သူက
‘ဒီနည်းပညာကို လုံခြုံ စိတ်ချရပြီလို့ သက်သေ မထူနိုင်မချင်း ဘယ်ကောင် အထည်ဖေါ် စမ်းသပ်မှုမှ မရှိသင့်ပါဘူး။ ကျွန်တော့ ကုမ္ပဏီက NAS ရဲ့ လုံခြုံမှု လမ်းညွန် အပါအ၀င် အခြား လမ်းညွန်တွေ ကိုပါ သဘောတူ လက်ခံ ထားပါတယ်။ အဲ့ဒီထဲက အချို့ဟာ စစ်ဘက်အတွက် မသုံးစွဲရဘူးလို့ ပါဝင်ပါတယ်။’
လို့ဆိုခဲ့ပေမဲ့ လက်ရှိ HAARP မှာ ပါဝင်လုပ်ဆောင် နေသူတွေ အပါအ၀င် အခြားသော သိပံ္ပပညာရှင် တွေက စီမံကိန်းကနေ တစ်ဆင့် အနုမြူ စွမ်းအင်နဲ့ ညီမျှတဲ့ လက်နက်အသွင် ပြောင်းသွားမှာ စိုးရိမ် နေကြပါတယ်။ အမေရိကန် စစ်တပ်ကတော့ သူ့ရဲ့ အဲဒီ HAARP ရဲ့ ရည်ရွယ်ချက်၊ လုန်းငန်းနဲ့ ပက်သက်ပြီး ရှင်းရှင်း လင်းလင်း ပြောမထားပါဘူး။

အသေးစိတ် ပြောရရင်တော့ ဒီလိုပါ။ Alaska မှာရှိတဲ့ HAARP Experiment Field ထဲမှာ တစ်ပုံစံထဲ ဖြစ်တဲ့ မြင့်မားတဲ့ ကြိမ်နှုံး လ

ဒါပေမယ့် ရှိပါသေးတယ်။ ရှုပ်မသွားပါနဲ့ဦး။ ဒီနည်းပညာဟာ လျှပ်စစ် သံလိုက်လှိုင်း (Electromagnetic Waves) တွေကို အခြေခံ အသုံးပြု ထားတဲ့အတွက် တစ်ခြား နည်းလမ်းနဲ့ လက်နက်အဖြစ် အသုံးပြုပုံတွေ ရှိနေပါသေးတယ်။ အဲ့ဒါတွေ ကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှု တွေကို ဖြတ်တောက် ပစ်တာ၊ နောက်ဆုံး လိုင်း (Waves) တွေနဲ့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ (ဦးနှောက်) ကို ဖျက်ဆီး ပစ်တဲ့ အထိပါပဲ။
အဲ နောက်တစ်ခု ကျန်တာက အချို့က ဒီရာသီဥတု ထိန်းချုပ် တာတွေဟာ ၁၉၉၀ နှစ်တွေမှာ ကတည်းက ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုကြတယ်။ ပြီးတော့ ခု HAARP လိုဟာကို မမေရိကန် တစ်နိုင်ငံထဲ အကောင်အထည် ဖေါ်နေတာ မဟုတ်ပါဘူး။ ထုံးစံအတိုင်း ပြိုင်ဘက် ရက်ရှား (Russia) နှင့် တရုတ် အပါအ၀င် အခြားသော နိုင်ငံကြီး ဆယ်နိုင်ငံ တွင်လည်း HAARP နှင့်အပြိုင် အမှီ လိုက်နေကြ တယ်လို့ ဆိုနေကြ ပါကြောင်း။
ဖိုးကျော်
Youtube တွင်လည်း HAARP ဟု type ၍ HAARP နှင့်ဆိုင်သည့် Clips များစွာ ရှာဖွေကြည့်ရှု နိုင်ပါသည်။
Sources:
http://www.viewzone.com/
http://www.fromthewilderness.com/
http://en.wikipedia.org/
http://www.rumormillnews.com/