Pages

Saturday, November 22, 2008

ဂျိုသား

ညကအကြောင်းတစ်ခုကြောင့် ဖိုးကျော် အိမ်မှာမအိပ်ဖြစ်လိုက်ပါ။ သူငယ်ချင်းတစ်ယောက် အိမ်မှာပဲ အိပ်ခဲ့ပါတယ်။ မနက်ကျတော့လည်း ၉ နာရီမတ်တင်းကျမှ နိုးပါတယ်။ တစ်ညလုံး အ blog ကောင်းခဲ့လိုပေါ့။

၉ နာရီမတ်တင်းဆိုတော့က ရေချိုးလို့ မဖြစ်တော့။ မျက်နှာသစ်ပြီး လမ်းလျောက်ထွက်ခဲ့ပါတယ်။ (ရုံးနဲ့ အိမ်နဲ့ က အနီးလေးမို့ ပါ။) ဒါပေမယ့် ဖိုးကျော်က လမ်းလျောက်ဖို့ ဇာတာမပါဘူးထင်ပါ့။ ဒီရုံးနဲ့ အိမ်အနီလေး ဆိုတာကိုတောင် ရောက်အောက် မလျှောက်လိုက်ရပါဘူး။ လမ်းတစ်ဝက်မှာတင် ဖိုးကျော်ရှေ့ Van တစ်စီး ထိုးရပ်ပြီးကားထဲကနေ မျက်နှာဖြူ တစ်ယောက်ဆင်းလာပါတယ်။ (ကျေးဇူးပြုပြီး သူတို့ ကိုကျွန်တော် မျက်နှာဖြူလို့ ခေါ်ကြောင်း ပြန်မပြောပြနဲ့ နော်။) ထုံးစံအတိုင်း သူ့ နောက်က ဖိုးကျော်လို (သူတို့ မျက်နှာဖြူတွေ ခေါ်သလိုမျိုး) မျက်နှာဝါ တစ်ယောက်နဲ့ ပေါ့။

မျက်နှာဖြူနဲ့ နှုတ်ဆက်လိုက်ပြီးတော့ ဖိုးကျော်တို့ မျက်နှာဝါချင်း တစ်ခွန်းနှစ်ခွန်း ရောလိုက်ပါတယ်။ သဘောပေါက်ပြီ။ ဖိုးကျော်သက်ပြင်းတစ်ချက်ပဲ ချလိုက်ပါတယ်။ ရေမချိုးခဲ့မိတာကိုပဲ နောင်တရ ရမလိုဖြစ်နေပါပြီ။ တော်သေးတယ် မျက်နှာလေးတော့ သစ်ခဲ့မိလို့ ။

ဖိုးကျော် ကားပေါ် တက်ဖို့ ပြင်လိုက်တယ်။ မျက်နှာဖြူကြီးက အဆင်ပြေလားလို့ မေးတယ်။ ဖိုးကျော်စိတ်ထဲဖြစ်နေတာနဲ့ ဆန့်ကျင်စွာနဲ့ပဲ ခေါင်းညိတ်လိုက်ပါတယ်။ မျက်နှာကတော့ ပြုံးလို့ ပေါ့။ ဖိုးကျော် Van ကြီးပေါ်တက်ပြီးလိုက်တော့ ထင်မှတ်မထားတဲ့ မျက်နှာဖြူတွေကြား မျက်နှာပါတစ်ယောက်စ နှစ်ယောက်စ (စုစုပေါင်းတော့ သုံးယောက်စပေါ့နော်။) ရောနေတဲ့ လူအုပ် (ဆယ်ယောက်လောက်ရှိမည်ထင့်။) တစ်အုပ်တွေ့ လိုက်ရပါတယ်။ ဟိုက်မထူးတော့ပြီ။

‘အားလုံးပဲမင်္ဂလာပါ’
လို့ နှုတ်ဆက်ပြီး အနီးဆုံး လွတ်နေတဲ့ နေရာထိုင်လိုက်ပါတယ်။ ထိုင်လဲပြီးရော ဖိုးကျော်အားလုံးကို စိတ်ထဲကနေ မေတ္တပို့ နေပါတော့တယ်။

‘ဒီလောက်ကျောင်းကို တစ်နေကုန်ခရီး လိုက်ခိုင်းမှာများ ဖုန်းလေးတစ်ချက်တောင် မဆက်ပဲ လမ်းကျမှ ကောက်ခေါ်သွားတယ်။’

‘လိုလိုမယ်မယ် လိုက်ကူညီဖို့ လည်းမဟုတ်’
‘ဒီမျက်နှာဖြူ လက်သမားအုပ်ကြီးနဲ့ ဟိုကျောင်းက မျက်နှာဝါတွေ စာသင်ခန်းအတူတွဲဆောက်တာကို ကြားက စကားပြန် လုပ်ပေးရမှာများ..’
‘ခါတိုင်းလို ရုံးနောက်ကျမှာ မစိုးရိမ်ပဲ ရေသာချိုးဖြစ်ခဲ့ရင်... ’ ‘ဟင်း.. ငါကပဲကံဆိုးတာလား သူတို့ ကိုက ကံကောင်းလွန်းတာလား’

လမ်းတစ်လျောက်လုံး မေတ္တပို့ ဖို့ ခဲထားပါတယ်ဆိုနေမှ ကားထွက်လို့ မှမကြာသေးဘူး အနားမှာထိုင်တဲ့ Canada ကဆိုတဲ့ ဖွားလေး (အဖွားအရွယ်လား လေးလေးအရွယ်လား ဝေခွဲရခက်လို့ ‘ဖွားလေး’ လို့  ခေါ်တာပါ။) က စပါတော့တယ်။

Canada ကသူ့ မိသားစုပုံတွေ၊ သူ့ ခွေးလေးပုံတွေ၊ သူနေတဲ့ မြို့ ကပုံတွေကို တစ်ခုပြီးတစ်ခု ထုတ်ပြပါတယ်။ နောက်ပြီး သူတို့ တွေ အားလပ်ချိန်မှာ ဘာတွေလုပ်ကြောင်း ‘Chronological Order’ နဲ့ ကို စဉ်ပြီး ပြောပြပါတယ်။ နောက်ဆုံး ထိုင်းနိုင်ငံရဲ့ အစားအစားတွေကို သူ မည်သို့ မည်ပုံ နှစ်သက်ကြောင်း မနေ့ ကလည်း မြန်မာပြည်ကို သူအလည်ရောက်ခဲ့ကြောင်း၊ မြန်မာပြည်ရောက်ခိုက် သူကိုကျွေးတဲ့ အစားတစ်ခုကိုလည်း အလွန်ပင် နှစ်သက်မိကြောင်း၊ အမှတ်တရအနေနဲ့  သူ့ နိုင်ငံကိုပြန်သယ်သွားဖို့ လည်း စိတ်ကူးကြောင်း ဆိုပြီး သူ့  အိတ်ထဲနှိုက်ပါတယ်။
သူပြောသမျှအားလုံးထဲက အဲ့ဒီတစ်ခုကိုတော့ ဖိုးကျော် အာရုံနည်းနည်း ရောက်သွားပါတယ်။ ဘာမို့ လို့ ကိုယ့်နိုင်ငံ ပြန်ယူသွားရလောက်အောင် ကြိုက်ရတာလဲလို့ ပေါ့။ သေသေချာချာကို တစ်ရှူးနဲ့ အုပ်ထားတာပါ။

ဖိုးကျော်စိတ်ထဲက
‘အဲ... မြန်မာအစားထဲမှာ တစ်ရှူးနဲ့ အုပ်လောက်တဲ့အစားက ဘာများလဲ။ အဲ.. အနံ့တစ်ခုရတယ်ဟ။ ဒါငါးခြောက်နံပဲ။ သေချာပါပြီ။’

ဖွားတော်ကြီးက
‘ဒါပဲလေငါအရမ်း ကြိုက်တဲ့ မြန်မာအစားအစာ။’
လို့ ပြောလာတာကို ဘာမှန်း သိနှင့်ပြီးဖြစ်လို့  ဖိုးကျော် မကြည့်ချင်တော့ပေမယ့်....

‘ဟေ့...နင့်ဟာကြီး ပြန်ထုတ်ထားလိုက်။ ဒီမှာ Van ကြီးတစ်ခုလုံး နံကုန်ပြီး ၀ှီးမှပဲ။’

နောက်က Other Canadians တွေအော်တဲ့အသံပါ။ ဖိုးကျော်တစ်ယောက် ငိုရခက် ရယ်ရခက်။ ၀ှီး.. တွတ်ပီသာ ဖြစ်လိုက်ချင်တော့တယ်။



မှတ်ချက်။ ။ မည်သူ၊ မည်ဝါ၊ မည်သည် မည်သည့်အရာကိုမျှ မည်ပုံ၊ မည်သို့သော ရည်ရွယ်ချက်မျှ မထားရှိပါ။ ရင်ထဲရှိသည်အား ချရေးရုံမျှသာ။


ဒိုး

Friday, November 21, 2008

စံပြများ

ဒီနေ့ ည ဖိုးကျော် မပြီးမပျက်တာတွေကို (ပြီးလည်းမပြီး ပျက်လည်းမပျက်လို့) အပြီး ဖျက်နေပါတယ်။ နက်ဖန်မနက် အစည်းအဝေးမှာ မှတ်တမ်းရေးရမယ်တဲ့။ ရုံးတက်နိုင်တော့မှာမဟုတ်။ အစည်းအဝေးကလည်း နှစ်ရက်ကြာမယ်တဲ့။ အခန့်မသင့်လို့ ကိုယ်စား Training ဆက်တက်ရရင် တစ်ပါတ် ကြာမယ်တဲ့။ ဒီတော့က ဒီဘက်က မပြီးသေးတဲ့ဟာတွေကို ဒီနေ့ ညမှ အပြီးမဖြတ်နိုင်ရင် နောက်တစ်ပါတ် ဆိုင်းရကိန်း ရှိတယ်။

မှတ်တမ်းရေးတဲ့ အလုပ်ကိုလည်း ‘Iron Cross’ မှာ Drum တီးရတာထက် ဖိုးကျော်ပိုမုန်းပါတယ်။ ဦးခရမ်းကမှ လက်နဲ့ခြေ နှစ်ခုပဲမအားတာ။ အစည်းဝေးမှာ မှတ်တမ်းရေးရင် လက်ကမအား၊ နားကစွင့်နေရ မျက်လုံးကအဲ့ဒီ ကျယ်ကျယ်မထွက်ပဲ နှစ်ကိုယ်ကြား ပြောနေသူတွေရဲ့ ပါးစပ်တွေကို လိုက်ကြည့်နေရနဲ့  ဦးခရမ်းထက် သက်သာတာဆိုလို့  ခြေထောက်ကြီး လှုပ်မနေရတာ တစ်ခုပဲ ရှိပါတယ်။

အစည်းအဝေးက အရေးကြီးရင် ကြီးသလို မှတ်တမ်းရေးတဲ့လူကလည်း အရေးကြီးလာပါတယ်။ တစ်ယောက်မလောက် နှစ်ယောက်၊ နှစ်ယောက်မလောက်သုံးယောက် ထားလာရပါတယ်။ သိထားသလောက်တော့ ဒီလိုမှတ်တမ်းတွေဟာ နောက်ဆုံး လိုအပ်ရင် တရားရုံးမှာ သက်သေပစ္စည်း အဖြစ်တောင် ပြန်သုံးလို့ ရပါတယ်တဲ့။ ဖိုးကျော်ခုလို အစည်းအဝေးမျိုးမှာ မှတ်တမ်းရေးဖူးတဲ့ အတွေ့ အကြုံကလည်း အခုသွားမည့် အခေါက်ပါ ထည့်ရေရင်တောင် လက်ငါးချောင်း မကုန်ပါဘူး။ မိုက်တယ်နော်။

စိုးရိမ်စိတ်တွေမှ မပြေသေးပါဘူး ဖုန်းလာလို့ ကောက်ကိုင်လိုက်ပါတယ်။

ထုံးစံအတိုင်း ပြောလာတာက
‘အစီအစဉ်က ပြောင်းသွားပြီ။ နင်အိမ်မှာပဲနေပြီး အစည်းအဝေး တက်လို့ မရတော့ဘူး။ ဟိုတယ်မှပဲ တည်းရမယ်။ အခု အ၀တ်အစားထုပ် ပြီးလိုက်လာပါ။ ဟိုကောင် လာခေါ်လိမ့်မယ်’
တဲ့။ အဲ ည ၈ နာရီကျော်ကြီးမှာ။

‘အဲ... ဒီဖြစ်လေ့ ရှိတာလေး ကိုငါဘာလို့မေ့သွားတာလဲ ငါဟာ တော်တော် မှတ်သည်းခြေ မရှိတဲ့ ကောင်ပဲ’ ‘ကိုမှား ကိုခံ ဒီအလုပ်တွေ တစ်ပါတ်ဆိုင်း ရတော့မှာပဲ’

ညည်းတွားရုံမှအပ ဖိုးကျော်တက်နိုင်တာ မရှိ။

ဟိုတယ်ရောက်တော့ စပြန်တယ် နောက်ထပ် တစ်ဇတ်။ အခန်းက book ပေးထားပြီးသားလို့ ဖိုးကျော်ကို ပြောထားတာပါ။ သို့ပေမယ့်ပေါ့နော် ထုံးစံအတိုင်း ဟိုတယ်ရောက်လို့  ကောင်တာမှာ မေးကြည့်တော့ ဘယ်အခန်း လွတ်လဲ ရှာနေကြပါတယ်။ ဖိုးကျော် စိတ်တွေက ရှည်လာတယ်။ အဟုတ်။ ကြာလာတော့ ကို့ကိုယ်ကို စိတ်ရှည်ရှည် ထားတက်လာမှန်းမသိ ထားတက်လာတာ။ သူတို့ကျေးဇူးပဲပေါ့။

ကဲတွေ့ ပါပြီ အခန်းလွတ်။ အခန်းနံပါတ် (....) ကိုသွားပါတဲ့။ လူနှစ်ယောက်ရှိပါတယ်တဲ့။ မြန်မာနိုင်ငံသား တွေပါပဲတဲ့။ သူတို့ နှစ်ယောက်ကို နောက်တစ်ယောက် ထပ်လာမယ်လို့ အသိပေးပြီးသွားပြီတဲ့။ ခဏနေ အခန်းထဲကို ခုတင်နဲ့ စောင်ယူလာပေး ပါလိမ့်မယ်တဲ့။ အစည်းအဝေး ဖြစ်မြောက်ရေး တာဝန်ခံထင်ပါတယ်။

ဖိုးကျော်စိတ်ထဲက
‘ဟင်း...အခန်းလွတ်လဲ ပြောသေးတယ်။ Service ကတော့ တော်တော်ကောင်းပါတယ်။ မြန်မာကြယ် ငါးပွင့် မှီပါတယ်။ အေးလေ။ ကြည့်ရအုံးမှာပေါ့။’

အခန်းက ဒုတိယအထပ် အရှေ့ဘက်ခြမ်းမှာတဲ့။ ပြောတဲ့ဘက်ကို ဖိုးကျော် သွားပါတယ်။ တွေ့ ပါပြီအခန်း။ တံခါးခေါက်လိုက်တော့ အစ်ကိုတစ်ယောက် လာဖွင့်ပါတယ်။

‘ကျွန်တော်လာမယ်လို့ အစ်ကိုတို့ ကို ပြောထားတယ်ဟုတ်’
ဖိုးကျော်မေးလိုက်ပါတယ်။
‘အေးလာလေညီ’

ဖေါ်ရွေသားဟ။ ဖိုးကျော်အခန်းထဲ အိတ်ဆွဲဝင်သွားပါတယ်။ အခန်းထဲဖိုးကျော် လည့်ပတ်ကြည့်လိုက်ပါတယ်။ ကုတင်လာချပေးမယ်တဲ့။ ကုတင်တစ်လုံး ဆန့်  လောက်တဲ့ နေရာ ဖိုးကျော်မတွေ့ ။ ထုံးစံအတိုင်း ပဲထင်တယ် ကြည့်ရအုံးမှာပေါ့။ ဟိုအစ်ကို နှစ်ယောက်ကတော့ သူတို့ ရဲ့ နှစ်ယောက်အိပ် ကုတင်ပေါ် ပြန်နှပ်နေပါပြီ။ ဖိုးကျော်ပဲကျန်တာပေါ့။ အိတ်ချပြီး ပက်လက် ကုလားထိုင်ပေါ် ဖိုးကျော် ပြန်ထိုင်နေပါတယ်။

စိတ်က ရှည်လာပြန်တယ်။ မတက်နိုင်။ ကြည့်ရအုံးမှာပေါ့။ တစ်အောင့်လောက် နေတော့ တံခါးခေါက်သံ ကြားလို့ ဖိုးကျော် သွားဖွင့်ကြည့်တော့ ဟိုတယ်ဝန်ထမ်း မိန်းကလေး နှစ်ယောက်ကို တွေ့လိုက်ရတယ်။ လက်ထဲမှာလည်း စောင်တွေနဲ့ ။ ပါးစပ်ကနေပြီးတော့လည်း
‘ဒီအခန်းက ဧည့်သည်သစ် အတွက်ပါ’
တဲ့။

ဖိုးကျော်စိတ်ကို တစ်ချက် ထိန်းလိုက်တယ်။ ပြီတော့ ခပ်အေးအေးပဲ
‘ဒါအကုန်ပဲလားအမ’
လို့  ပြန်မေးလိုက်ပါတယ်။

‘အင်းလေ’
နှစ်ယောက်လုံး တစ်ပြိုင်တည်း ဖြေတာပါ။

‘အား..... ဘာတွေလဲ.....’

ဖိုးကျော် စိတ်ရှိလက်ရှို အော်လိုက်ပါတယ်။ စိတ်ထဲကပါ။ ဒီတစ်ခါတော့ တစ်ကယ်ကို စိတ်ရှည်လာပါပြီ။ ကြမ်းပေါ်မှာ အိပ်ခိုင်းတဲ့ သဘောပေါ့။ အဲ့ဒီဝန်ထမ်း နှစ်ယောက်ကို ဘာမှ မပြောတော့ပါဘူး။
အောက်ကို တစ်ခါထဲ ဆင်းသွားပါတယ်။ တစ်ခါတည်းလည်း ရှင်းလိုက်ပါတယ်။

ဆရာသမားတွေက အဲ့ဒီတော့မှ တောင်းတောင်းပန်ပန်နဲ့  အခန်းသစ်ကို လိုက်ပို့  တယ်။ အင်းခုမှပဲ စိတ်နည်းနည်း အရှည်ပြေတယ်။

္ဒ္ဒ္ဒ‘စောစောကတည်းက ဒီလိုလုပ်လိုက် ပြီးနေတဲ့ဟာ’

စောစောက ရှည်နေတဲ့စိတ် လက်ကျန်လေးပါ။ အခန်းထဲရောက်တော့ အထုပ်တွေ အကုန်ချ၊ ရတောင့် ရခဲမို့ ရေချိုးခန်းထဲ ရေနွေးစိမ်ပြီး နာရီဝက်လောက် ဇိမ်ခံပြီး မနက် ၇နာရီခွဲ အထိကို တစ်ရေးထဲ အိပ်လိုက်ပါတယ်။

မနက်ကျမနက်စာ စားပြီးကိုးနာရီစမည့် အစည်းအဝေးမို့ မတ်တင်းလောက်မှာ ကွန်ပြူတာစစ်ဆေး အဆင်သင့်ပြင်ပြီး အစည်းအဝေးခန်းထဲ သွားစောင့်နေပါတယ်။ ကိုးနာရီငါးမိနစ်။ လူတွေစုံလောက်ပြီထင့်။ ထိုင်ခုံအားလုံးနီးပါး ပြည့်ကုန်ပါပြီ။ ဖိုးကျော်သူ့အတွေးမှားနေမှန်း အခန်းနားမှူး လည်တစ်ဆန့်ဆန့် လုပ်နေတာတွေ့တော့မှ သိလိုက်ပါတယ်။

VIP အချို့ကျန်နေသေးတယ်တဲ့။ နောက် ၅ မိနစ် လောက် စောင့်ပေးပါတဲ့။ အခန်နားမှူးက တောင်းဆိုလာတာပါ။ အားလုံးကလည်း ကြားဟန်တောင် မပြကြပါဘူး။ ဖိုးကျော်နည်းနည်းတော့ ရှိန်သွားတယ်။ မကြားကြတာ များလားလို့။ မဟုတ်သေးပါဘူး။ အသံက အကျယ်ကြီးပါ။ ဖိုးကျော် သင်ခဲ့သမျှ Connection Skills တွေကို အကုန်ပြန်ထုတ်ပါတယ်။ သြော်သိပြီ။ သူတို့လည်းထုံးစံအတိုင်း ပဲထင်တယ်။

နောက် ဆယ့်ငါးမိနစ်လောက် နေတဲ့အထိ ဘယ်ကိုတော်မှ ပေါ်မလာပါဘူး။ ဘယ်သူမှလည်း Complain မတက်ပါဘူး။ သြော်သိပြီ။ မြန်မာ ၅ မိနစ်ကို ပြောတာထင်တယ်။

ဖိုးကျော်ကောက်ချက် ချလို့လည်းပြီးရော လာပါပြီ အားလုံးမျော်နေကြတဲ့ VIP တွေ။ ၄င်း VIP များမှလည်း ထပ်ဆင့်၍ အချို့သော VIP များသည် လုံးဝ မလာနိုင်တော့ပါကြောင်း ထပ်ဆင့် ကြော်ငြာပါတယ်။

အားလုံးစိတ်ထဲ အဲဒီမလာဖြစ်တဲ့ VIP တွေကို ကျေးဇူးတင် နေမယ်ဆိုတာ ဗေဒင်မေးစရာ မလိုပဲ ဖိုးကျော် သိလိုက် ပါတယ်။ အနို့ အချို့ အခန်းပြင် ရောက်သွားနိုင်ဖွယ် ရှိပါတယ်။ ဘာလို့လဲဆိုတော့ အခု နောက်ရောက်လာတဲ့ VIP တွေအတွက်တောင် အခန်းကျဉ်းလေးထဲမှာ မနည်း ဖြစ်ညှစ်ပြီး နေရာ ဆင်ပေးလိုက်ရတာပါ။ ၀ှီး..... မိုက်တယ်နော်။ အဲဒါကိုပဲ ဘာကြောင့်မှန်းမသိ VIP ကြီးတစ်ယောက် ဟာသဖောက် လိုက်တာကိုပဲ ပြန်ပြီး လက်ဆင့်ကမ်း လိုက်ပါတယ်။

သူပြောတာက
‘ခုအခန်းထဲမှာ ဖြစ်ပျက်နေတာတွေကတော့ ကျွန်တော်တို့ Burma Update Situation ပဲဖြစ်ပါတယ်’
တဲ့။

အစီအဝေး စပါမယ်လို့ အခန်းအနားမှူးက ဆိုလာတော့ VIP ကြီးတစ်ယောက်က အလုပ်လုပ်တာ စေ့စပ်တယ်ဗျ။ သူတို့ရဲ့နှစ်စဉ်အစည်းအဝေးရဲ့ အားနည်းချက်ဟာ ဒီမှတ်တမ်းရေးတာပါပဲတဲ့။ မနှစ်က မှတ်တမ်းဆို အရမ်းကို ဆိုးဝါးပါတယ်တဲ့။ လာတဲ့လူတွေကို အကူအညီ တောင်းတော့ အယောက်များပြီး ဟိုတစ်စ ဒီတစ်စနဲ့ ‘အေးချမ်းမေ’ လိုပါပဲတဲ့။ အခုဒီအစည်းအဝေး အတွက်ကော ဘယ်သူ မှတ်တမ်း ရေးပါသလဲ ဆိုပြီး ကောက်စစ်ပါတယ်။

အားတက်သရောပါပဲ ဖိုးကျော်တစ်ယောက် လက်ထောင်ပြီး ဟိုဘက်ကြည့် ဒီဘက်ကြည့် လုပ်ပါတယ်။ ကိုယ့်နဲ့ ဘ၀တူတွေကိုလည်း တွေ့ရတော့မယ် ဆိုတဲ့ အတွေးနဲ့ပေါ့။ လက်ထောင်ပြီး စက္ကန့်သုံးဆယ်လောက် အကြာမှာ ထင်ပါ့ ဖိုးကျော်တစ်ယောက် အားနာနာနဲ့ပဲ လက်ပြန်ချလိုက်ပါတယ်။ သြော်.. ဖိုးကျော်တစ်ယောက် တစ်ကောင်ကြွက် ပါလား။ စိတ်ချပါ ဒီတစ်ခါ အဲလို တစ်စစီ မဖြစ်စေရဘူးလို့ ကို့ကိုယ်ကို အားပေးတဲ့ သဘောနဲ့ ဖိုးကျော် စိတ်ထဲကနေ ကျိန်းလိုက်ပါတယ်။ (တစ်ယောက်ထဲကိုး။ တစ်စစီဘယ်ဖြစ်တော့မလဲ။ မှတ်တမ်း ရှိရင်ရှိ။ မရှိရင်လည်း ရှာနေစရာကို မလိုတော့တာ။)
မိုက်တယ်နော်။

အစည်းအဝေးစတော့ စောစောက ပြောသလို ဖိုးကျော်တစ်ယောက် မဆီမဆိုင် ဦးခရမ်းကိုပဲ သွားသတိရနေ တော့တာပဲ။ ပြောနေတာတွေက (စောစောက ပြောသလို) နှစ်ကိုယ်ကြားတွေ ဆိုတော့ ဖိုးကျော် ရှိသမျှ အာရုံတွေ အကုန်စုစည်း နေချိန်မှာပေါ့ ဘေးနားက VIP တွေက သနားပါတယ်။ မနားရ ရှာဘူး ဖုန်းတွေ တစ်ကွမ်ကွမ်နဲ့။ အစည်းအဝေးမှာ ပူပေါင်းပါဝင်တဲ့ လူငယ်တွေရဲ့ စကားလုံး တွေကလည်း Barack Obama ရဲ့ Change ဆိုတာလောက်တော့ သနားတာပေါ့။ မိုက်တော့ မိုက်တယ်နော်။

နောက်ဆုံး နိစ္စဓူဝ ဘာညာကွိကွတွေ ပြီးလို့ Action ပိုင်းရောက်လာတော့ VIP ကြီ်းက ဖိုးကျော်ကိုတော်တော် ယုံကြည်တယ်ထင့်။

‘ညီလေး. ဒါလေးမှတ်ထားနော်။ အရေးကြီးတယ်။’

‘ညီလေး. ဒါလေးမှတ်ထားနော်။ အရေးကြီးတယ်။’


လို့ခဏခဏ လှမ်း၍လှမ်း၍ အသိပေး နေရပါကြောင်း။


ဒိုး

ကဗျာများ


Click on the picture for better view


Click on the picture for better view


Click on the picture for better view


Click on the picture for better view


Click on the picture for better view


Click on the picture for better view


မဲဆောက် (သို့)့ တခ်ခရိုင် ဘ၀ဓာတ်ပုံများ

ထိုင်းနိုင်ငံမှာ လူဦးရေ ၂ ၀၀၀ ၀၀၀ (နှစ်သန်း) ထက်မနည်းသော ကိုယ့်သွေးသား မောင်နှမရင်းတွေ ဤသို့ဤပုံ နေနေရတယ် ဆိုတာ သိသလား။ ဒါတောင် ထိုင်း-မြန်မာ နယ်စပ် တစ်လျောက် ဒုက္ခသည် စခန်း ၉ ခု၊ တစ်ခြားနိုင်ငံနယ်စပ် ဒုတ္ခသည်စခန်းတွေမှာ ရှိတဲ့ လူဦးရေတွေ နဲ့ တစ်ခြားနိုင်ငံတွေမှာ (သွားမညွန်ကြား ရပါပဲ) သွားလုပ်ပေး နေကြရသူတွေ အရေအတွက် ထည့်မတွက်ရ သေးပါဘူး။ (သိလည်း မသိသေး လို့ပါ။)

  • ဒါကသူတို့တွေရဲ့လုပ်ငန်းခွင်မြင်ကွင်းတွေပါ။






  • ဒါကကျောင်းတက်ချိန်မြင်ကွင်းတွေပါ။






















သူတို့တွေ စာနာသူတွေရဲ့ ထောက်ပံ့မှုနဲ့ ရှားရှားပါးပါး ခုလို ဆုံးစည်း ပျော်ရချိန်တွေလည်း ရှိပါတယ်။ ပွဲတော်ရက်တွေပါ။























ဤပုံများအားလုံးသည် www.path2hearts.blogspot.com မူပိုင်များဖြစ်သည်။ သို့သော် အကျိုးအမြတ်အတွက် မဟုတ်ပါက ကျွန်ုပ်အား အသိပေး၍ လွတ်လပ်စွာ ကူးယူအသုံးပြု နိုင်ပါသည်။

ဒိုး

ကျွန်တော်မကောင်းဘူး


တစ်ချိန်က (ငါးတန်းလောက်ကပါ) ကျွန်တော် စိတ်ကူးပေါက်လို့ ညနေဘက် သူငယ်ချင်းတွေနဲ့ သွားမဆော့ခင် အ မေလစ်တုန်း ဗီဒိုပေါ်မှာရှိတဲ့ ဗူးထဲက မုန့် အချို့ ကို မသွားမယ်လို့  စိတ်ကူးပြီး အဖေ့ အိပ်ခန်းထဲ ၀င်သွားဖို့ အလုပ်။ “ဟိုက်” မုန့် ဗူးဆီ ခုံဆင့်ပြီး လက်လှမ်းနေတဲ့ ကျွန်တော့အကို (၂နှစ်ခြား) ကိုတွေ့ လိုက် တော့။ ကျွန်တော် သိပ်ပြီး စဉ်းစားမနေ တော့ ပါဘူး။ အမေ့ဆီပြေးပြီး တစ်ခါထဲ တိုင်ပြောလိုက်ပါတယ်။ အဲ့ဒီတော့က ရှင်းပါတယ။် ကျွန်တော့ အကို အရိုက်ခံရပါတယ်။ ကျွန်တော် ဘာလို့ အဲလို လုပ်လိုက် တာလဲ မသိဘူးနော်။

ဒိုး